(Unicode)
"ဘာလို့ပြန်မချစ်နိုင်တာလဲ ဘာလို့လဲ"
ကျောင်းဆင်းချိန် Deanအတန်းCနားကဖြတ်ပြန်တော့ Oliviaရဲ့အသံကြားလို့ချောင်းကြည့်လိုက်တယ်
အတန်းထဲမှာ Oliviaအပြင်Eastonပါရှိနေတယ် ကြည့်ရတာ Eastonက Oliviaကိုငြင်းလိုက်ပုံပေါ်တယ် Deanလည်းဆက်ပြီး ချောင်းနားထောင်နေလိုက်တယ်"ငါက မင်းကိုသူငယ်ချင်းတစ်ယောက်လိုပဲခင်တာမင်းနဲ့ငါရဲ့ စေ့စပ်ပွဲဆိုတာလည်းငါ့ရဲ့အဖေစီစဥ်တာ"
Oliviaက Eastonရဲ့စကားတွေကိုကြားတော့ သူမရဲ့တင်းထားတဲ့မျက်ရည်တွေကတားမရတော့ဘဲ ပါးမို့မို့လေးပေါ်ကိုစီးကျလာတယ် Oliviaလည်းငိုရင်း အတန်းထဲကထွက်ပြေးလာခဲ့တယ်
Oliviaအတန်းထဲကပြေးထွက်လာတော့ Deanလည်း ချောင်းနေရာကနေ အမြန်ပုန်းလိုက်တယ် မဟုတ်ရင်ဆရာဖြစ်ပြီး ခိုးနားထောင်တယ်ဆိုပြီး သူသိက္ခာကျနေဦးမယ်
Oliviaကထွက်ပြေးတဲ့ပုံစံလေးကတောင် သိမ့်မွေ့ပြီး ချစ်စရာကောင်းသည် သူမငိုနေတာကိုမြင်တဲ့သူတိုင်းက စောင့်ရှောက်ပေးချင်စိတ်ပေါ်လာမှာအမှန်ပဲ
'Eastonနေရာမှာ ငါသာဆိုပြန်ချစ်မိမှာ ဒါပေမယ့်ငါ့မှာကချစ်သူရှိတယ်လေ'Deanသူ့အတွေးတွေကြောင့်နည်းနည်းကြောင်သွားရတယ် 'ချစ်သူရှိတယ်?'
သူ့မှာချစ်သူရှိတယ် ဟုတ်တယ် ဒါပေမယ့် ဘယ်သူဆိုတာတော့စဥ်းစားလို့မရဖြစ်နေတယ် Deanကြီးမားတဲ့အလှည့်အပြောင်းကိုကြုံလိုက်ရသလို တုန်လှုပ်သွားတယ်
'အရင်ကမ္ဘာကအကြောင်းတွေကိုငါဘာလို့မမှတ်မိတော့တာလဲ'Dean စဥ်းစားပေမယ့် ခေါင်းထဲချာချာလည်လာတယ် Eastonကတော့ အတန်းထဲကထွက်လာပြီး သူ့ရှေ့တည့်တည့်လာရပ်နေသည်
"ခင်ဗျားက စပ်စုရတာဝါသနာပါတာလား Mr.Parker"
Deanလည်းမူးဝေနေတာကြောင့် တောင်းပန်ကြောင်းပြောပြီးတော့သာထွက်သွားဖို့ပြင်လိုက်တယ် ဒါပေမယ့် Eastonက သူ့လက်ကောက်ဝတ်ကိုဖမ်းဆွဲလိုက်ပြီး သူ့ကိုထွက်သွားခွင့်မပြုပေ
"Mr.Parker ခင်ဗျားလွယ်လွယ်နဲ့ရှောင်ထွက်သွားလို့ရမယ်ထင်လို့လား"
Deanမှာပြန်ပြောချင်စိတ်မရှိတော့ သူအခုအချိန်မှာ စိတ်တွေရှုပ်ထွေးနေတာဖြစ်တယ်
Eastonကတော့ Deanရဲ့အခြေအနေကိုမသိဘဲ ဆက်ပြီးတော့သာ ပြောနေ၏