Arc 3 (Violinista)..15

1K 89 0
                                        

[Unicode]

Deanကရုတ်တရက်မေ့လဲသွား​တာဖြစ်လို့ Davidမှာ​​ ​ဆေးရုံကားခေါ်​ဖို့ချက်ချင်းမစဥ်းစားမိ​သေးဘဲ ခြေမကိုင်မိလက်မကိုင်မိဖြစ်သွား​ခဲ့တယ် ဆေးရုံကား​မ​ရောက်​သေးခင် အိမ်​တော်ထိန်း Smithက Deanရဲ့အ​ရေး​ပေါ်​ဆေး​တွေကိုသွားယူပြီး Deanကိုကုသထားရသည် Deanရဲ့ နှလုံး​ရောဂါကဒီ​လောက်ထိဆိုးရွား​နေတာကို David မသိခဲ့လို့ သူ့ကိုယ်သူအပြစ်တင်​နေမိတယ်

​ဆေးရုံကား​ရောက်လာ​တော့ Davidက​ဆေးရုံကားနဲ့ ​ဆေးရုံလိုက်သွားပြီး အိမ်​တော်ထိန်း Smithက​တော့ ​ဆေးရုံတက်ဖို့လိုအပ်တာ​​တွေစီစဥ်ပြီး အခြားကားနဲ့လိုက်ခဲ့သည်

........
Deanသတိရလာ​တော့ ​သူ့​ခုတင်ဘေးက ဆိုဖာမှာ Davidက ​အသက်မဲ့သလို ထိုင်​နေတာကို​တွေ့လိုက်ရတယ်

"David~"

Deanရဲ့တိုးလျတဲ့အသံ​လေး​ကြောင့် Davidကသူ့(Dean) အနားကိုချက်ချင်း​လာခဲ့သည်

"Dean ဘယ်လို​နေ​သေးလဲ ​နေလို့သက်သာလား"

"​အွန်း"
Dean​နေလို့မ​ကောင်းတာ​ကြောင့် စကားများများမ​ပြောနိုင်​ပေ Davidရဲ့မျက်ဝန်း​တွေထဲမှာ ဝမ်းနည်းရိပ်သမ်း​နေတာကို​တော့ သူမြင်ပါ​သေးတယ်
ဒီလိုမေ့လဲတာလေးဆို​ပေမယ့် သူ့နှလုံး​ရောဂါအ​ကြောင်းကို David အကုန်သိသွားပြီဆိုတာ သူသိတယ် Davidက​တော့ Dean သတိလစ်​နေစဥ်အတွင်းဆရာဝန်​တွေရဲ့​ပြောစကား​တွေ​ကြောင့် အရူးတစ်ပိုင်းဖြစ်​နေရသည် Deanရဲ့ နှလုံး​ရောဂါက ရုတ်တရက်ကြီးထ​ဖောက်လို့ အခုထိန်းထားနိုင်​ပေမယ့် စိုးရိမ်ရတဲ့အ​​ခြေအ​နေမှာပဲရှိ​နေ​သေးသည် ခွဲစိတ်ကုသရင်တောင် အသက်အန္တရာယ်စိုးရိမ်ရတဲ့အ​ခြေအ​နေဖြစ်၏ နှလုံးအစားထိုးကုသဖို့လူနာ(Dean)က အရင်တည်းက လက်ခံမထားလို့ဆရာဝန်​တွေအ​နေနဲ့လည်း အ​ခြေအ​နေက ​ရှေ့ဆက်မတိုးနိုင်ဖြစ်​နေသည်

Davidက ​မျှော်လင့်ချက်​တစ်ပိုင်းတစ်စရှိနေတဲ့မျက်ဝန်း​တွေနဲ့Deanကိုကြည့်လိုက်တယ်
"Dean နှလုံးအစားထိုးကုသရ​အောင်​"

"......"
Deanက​တော့ ဘာမှပြန်မ​ပြော​ပေ မူလDeanက​​သေပြီးသားဖြစ်လို့ သူလည်း အခြားတစ်​ယောက်ရဲ့နှလုံးသားနဲ့ဆက်အသက်ရှင်ဖို့ကမဖြစ်နိုင်​ပေ ဒါက စည်းကမ်းချိုး​ဖောက်သလိုဖြစ်​နေလိမ့်မည် ဘာဖြစ်လိုလဲဆို​တော့ နှလုံးအစားထိုးကုသဖို့တကယ်လိုအပ်​နေတဲ့သူ​တွေအတွက် တရားမျှတမှုမရှိလို့ဖြစ်တယ်

UntitledWhere stories live. Discover now