(Unicode)
Antonyအိပ်နေရင်းထူးဆန်းတဲ့အိပ်မက်ကိုမက်ခဲ့တယ် အိပ်မက်ထဲမှာသူမရောက်ဖူးတဲ့နေရာကြီးကိုသူရောက်သွားပြီး အဲဒီကအဆင်မြင့်မှော်ပညာသုံးထားတယ်လို့ထင်ရတဲ့ သွားနေတဲ့ခရီးသွားပစ္စည်းတွေရှိတယ်လူတွေအကုန်လုံးကလည်းထူးဆန်းတဲ့အဝတ်အစားတွေဝတ်ထားသည် ပြီးတော့ သူကလည်း အဲ့လိုဝတ်ထားပြီး သူ့မျက်နှာသူ့ရုပ်လည်းမဟုတ်ဘူး သူမျက်မှန်နဲ့ကောင်လေးတစ်ယောက်နောက်ကိုတကောက်ကောက်ခိုးကြောင်ခိုးဝှက်လိုက်နေတယ် အဲဒီကောင်လေးရဲ့မျက်မှန်အောက်ကလှပတဲ့ မျက်လုံးအပြာရောင်တွေကိုသူငေးကြည့်နေမိတယ် ကောင်လေးကတော့သူ့ကိုသိတဲ့ပုံမပေါ်ပေ ပြီးတော့ သူ့အဘွားလို့ထင်ရတဲ့သူက သူ့ကိုJohn Rhysလို့ခေါ်တယ် အိပ်မက်မက်တစ်ခုပါပဲ ဒါပေမယ့် အရမ်း လက်တွေ့ဆန်လွန်းတယ် ပြီးတော့ အိပ်မက်ထဲကကောင်လေးကိုသူတကယ်စွဲလမ်းနေပုံပဲ
အိပ်မက်ကနိုးလာတော့ တစ်ခုခုပျောက်ဆုံးသွားသလိုခံစားလိုက်ရတယ် သူ့ရင်ထဲလည်း အောင့်လာတယ်"မျက်နှာသစ်ဖို့ရေယူလာတယ်"
Antonyအတွေးထဲနစ်နေတုန်း ညစ်ကတ်ကတ်အသံလေးနဲ့ Edwardကအခန်းရှေ့ကနေပြော၏
Antonyတံခါးဖွင့်ပြီးကြည့်လိုက်တော့ အိပ်ရေးမဝတဲ့မျက်နှာနဲ့ ရေခွက်ကိုကိုင်ထားတဲ့ Edward"အင်း အထဲဝင်ခဲ့"
Antonyက အထဲခေါ်တာကြောင့် Edwardလည်း အခန်းထဲဝင်လိုက်တယ် Antonyမျက်နှာသစ်နေတုန်း Edward သူ့အခန်းလေးကိုသူကြည့်ပြီးAntonyကို အခန်းထဲကကန်ထုတ်ချင်စိတ်ပေါက်လာတယ် အခန်းတွေအများကြီးထဲကမှ သူ့အခန်းကိုရွေးပြီး သူ့အိပ်ရာပေါ်မှာ သက်တောင့်သက်သာနဲ့အိပ်တာကိုဒေါသထွက်ရတယ်
"နေချင်နေလို့လား ဒီအခန်းမှာ"
သူရှိနေတာတောင်အခန်းကိုလှည့်ပတ်ကြည့်နေတဲ့ Edwardကြောင့် Antonyမေးလိုက်ခြင်းဖြစ်တယ်
Antonyသူမုန်းနေတဲ့Edwardက အိပ်မက်ထဲကကောင်လေးနဲ့တူနေတယ်လို့ဘာလို့ထင်နေမှန်းမသိပေ တစ်ခုခုကိုလျှောက်ငေးကြည့်နေတဲ့ပုံကတကယ်ကိုတူတယ်"နေချင်တယ်လေ ငါ့ရဲ့အခန်းပဲကို"
Edwardရဲ့အဖြေကြောင့် Antonyတစ်ချက်ပြုံးလိုက်တယ်ပြီးတော့တစ်ခုခုတွေးနေပုံရ၏
Edwardကတော့ Antonyရဲ့အပြုံးကိုကြည့်ပြီး ကျောချမ်းနေမိတယ် 'ပြုံးပြန်ပြီ ဘာတွေကြံနေပြန်ပြီလဲ'
![](https://img.wattpad.com/cover/222725147-288-k68228.jpg)