[Unicode]
မရင်းနှီးတဲ့အခန်းတစ်ခန်းမှာ Deanထိုင်နေရတယ်သူ့ကို ဘာလို့ဒီအခန်းမှာပိတ်ထားလဲ သူ(Dean)မသိပေ မနက်ပိုင်းကျောင်းသွားခါနီး သူ့ကားနဲ့ လူတစ်ယောက်ကိုတိုက်မိတော့မလိုဖြစ်သွားသည် သူဆင်းပြီးတောင်းပန်မလို့လုပ်တော့ နောက်ထပ်လူတစ်ယောက်ပေါ်လာပြီး သူ့ကိုဖမ်းခေါ်လာတာဖြစ်သည်
သူတို့ရဲ့သခင်ကြီးက သူ့ကိုစကားအနည်းငယ်ပြောချင်လို့ခေါ်တာလို့ ထိုသူတွေကပြောသည်
Deanကတော့မယုံပေ ဘယ်သူကစကားပြောချင်ရုံနဲ့ အတင်းအကြပ်ဖမ်းဆီးလာမှာလဲ အခုတော့ Davidနဲ့အတူbusစီးပြီးကျောင်းမသွားလိုက်တဲ့
ကိုယ့်ကိုယ်ကို အပြစ်တင်မိသည်"Hello Dean Parker"
Deanစိတ်ပျက်လက်ပျက်နဲ့ ထိုင်ခုံမှာထိုင်နေတုန်း လူတစ်ယောက်ရောက်လာပြီး သူ့ကိုနှုတ်ဆက်တယ် ထိုသူရဲ့အသွင်အပြင်က ချောမော ခံ့ညားပြီး ကြည့်လို့ကောင်းသည်
"..Hello ခင်ဗျားက ဘယ်.ဘယ်သူလဲ"
ထိုလူက သူ့ရှေ့ကခုံမှာထိုင်လိုက်ပြီး သူ့ကိုအကဲခတ်နေပုံရသည်
"မင်းကတော့ ကိုယ့်ကိုသိမယ်မထင်ဘူး ကိုယ်က Gray Walter.. Eastonရဲ့ဖခင်ဆိုလည်းဟုတ်တယ်"
Deanထိုသူကိုကြောက်ရွံ့မှုအနည်းငယ်နဲ့တစ်ချက်ကြည့်လိုက်တယ်
ဒီအာဏာရှင် စီးပွားရေးသမားကြီး သူဘာလို့ဒီလောက်အစောကြီးတွေ့နေရတာလဲလို့ Dean တွေးမိသည်"Mr.Walter ခင်ဗျားဘာလို့ကျွန်တော့်ကိုဖမ်းခေါ်ထားတာလဲ"
Gray Walterသူ့ရှေ့က အမျိုးသားလေးရဲ့ တုန်နေတဲ့အသံအနေအထားကြောင့် ရယ်လိုက်မိသည်
"Eastonနဲ့ပတ်သက်ပြီးတော့ မင်းနဲ့စကားအနည်းငယ်ပြောချင်ရုံပါ."
Gray Walterက Deanကိုထိုအကြောင်းကြောင့် တွေ့ချင်တာတော့မဟုတ်ပေ ထိုအမျိုးသားလေးက သူ့သားကို ဆွဲဆောင်နိုင်တဲ့အပြင် Parkerအိမ်တော်ရဲ့သခင်လေးဆိုတာကိုလည်း သူစုံစမ်းရင်းသိခဲ့ရသည် သူဒီအမျိုးသားလေးကိုအနည်းငယ်လည်းစနောက်ချင်မိသည်