(Unicode)
Dean အိမ်ကိုပြန်ရောက်တဲ့အချိန်မှာ Davidရဲ့ဖိနပ်ကိုတွေ့တာကြောင့် ကျောင်းကပြန်လာပြီဆိုတာ သူပြောနိုင်တယ်
ရေဆာတာနဲ့ ရေခဲသေတ္တာနားသွားတော့ ရေသောက်နေတဲ့ Davidကိုတွေ့လိုက်ရတယ်ရေသောက်နေရင်း သူ့ကိုတွေ့တော့ Davidကရေသောက်တာကိုရပ်လိုက်တယ်
"ပြန်ရောက်ပြီလား"Dean Davidနားသွားကာရေသန့်ဘူးတစ်ဘူးကိုယူလိုက်တယ်
"အွန်း မင်းရော ဘယ်အချိန်ပြန်ရောက်လဲ""ပုံမှန်ကျောင်းဆင်းချိန်ပဲပြန်လာတာ ခင်ဗျားပြိုင်ပွဲကရောအဆင်ပြေလား ??"
Davidက သောက်လက်စရေဘူးကိုပြန်ထားလိုက်တယ် ပြီးတော့ သူမေးတာကိုမဖြေသေးဘဲ ရေခဲသေတ္တာကိုမှီရင်းရေသောက်နေတဲ့Deanကို
ကြည့်လိုက်တယ်"အဆင်ပြေပါတယ် ငါအရွေးခံရတယ် နောက်
တစ်ပတ်ဆို ငါဒီအိမ်မှာနေဖြစ်မှာမဟုတ်ဘူး ဒီနေရာက တယောလေ့ကျင့်လို့ လုံးဝမကောင်းဘူး"သူ့ရဲ့စကားကြောင့် Davidရဲ့မျက်နှာညိုးကျသွားတယ်လို့ Deanထင်လိုက်တယ် သူအမြင်မှားတာမဟုတ် ....Davidက Deanသူ့ကိုထားခဲ့မယ်ထင်ပြီးတကယ်စိတ်မကောင်းဖြစ်သွားတာ...
"ကောင်းပြီလေ"
"မင်းမျက်နှာကဘာဖြစ်တာလဲ ငါကမင်းကိုငါနဲ့လိုက်နေမလားမေးမလို့"
ခဏလေးအတွင်းမှာပဲ Davidရဲ့မျက်နှာက ပြန်လည်တောက်ပလာတယ်
"ကျွန်တော်လိုက်နေချင်တာပေါ့ ဒါပေမယ့်.."
Davidက တစ်ခုခုကိုစိုးရိမ်ပုံနဲ့ ဆက်မပြောတာကြောင့် Deanလည်းစိတ်မရှည်တော့ပေ
"ဒါပေမယ့် ဘာဖြစ်လဲ ဆက်ပြောလေ"
"ကျွန်တော်က ခင်ဗျားအိမ်မှာနေမှာကို ခင်ဗျားမိသားစုကကြိုက်ပါ့မလား"
"ဘယ်သူမှမပြောပါဘူး ပြီးတော့ ငါ့မိဘတွေလွန်ခဲ့တဲ့6နှစ်တည်းကမရှိတော့တာ"
Davidနည်းနည်းတော့ အားနာသွားတယ် Deanကိုကြည့်လိုက်တော့ မိဘတွေမရှိတော့တာကိုနေသားကျနေတဲ့ပုံဖြစ်တာကြောင့် သူနည်းနည်းစိတ်သက်သာရာရသွားတယ် သူကတော့ငယ်ငယ်တည်းက မိဘမဲ့ဖြစ်လို့ နေသားကျတာကြာပြီလို့ပြောလို့ရတယ်