Arc 2 (1)

3.6K 285 2
                                    

(Unicode)

System zoneထဲက ကိုယ်ပိုင်အခန်းထဲရောက်နေတဲ့ Bryce
နောက်ကမ္ဘာသွားဖို့မစဥ်းစားဘဲ စိတ်ဓာတ်ကျနေတာကို အိပ်လိုက်စားလိုက်နဲ့ကုစားနေသည်
'Mr.Johnမျက်နှာပဲ စိတ်ထဲက ပေါ်လာနေတယ်
လွမ်းလိုက်တာ'

"Host!!နောက်ကမ္ဘာသွားရအောင်ဆိုတာကို ပြောနေရတာ အခေါက်100ရှိပြီ"

"မသွားချင်သေးဘူး"

"ကျွန်တော်ပြောရကောင်းမလား မပြောရကောင်း
မလားစဥ်းစားနေတာတစ်ခုရှိတယ်"

"ဘာလဲ"

"Mr.JohnကလေHostသွားမယ့်နေရာတိုင်းကိုလိုက်မယ့်ပုံပေါ်တယ် သူသေသွားပြီး systemထဲရောက်လာသေးတယ်"

"ဘာ! Key ပြန်ပြောစမ်း "

"ဟုတ်တယ် ဟိုတလောက main systemမှာerrorတွေပေါ်လာပြီး ကျူးကျော်သူရောက်နေတယ်ဆိုတာလေ ကျွန်တော်ကြည့်တော့ Mr.Johnရဲ့ပုံဖြစ်နေတာ သူကHostရဲ့အချက်အလက်တွေကိုခိုးကြည့်သွားတယ်"

"ဒါဆိုသူကငါLeoမဟုတ်ဘူးဆိုတာ သိတယ်ပေါ့"

"omm ပြီးတော့ တစ်ယောက်ယောက်ကသူ့ကိုကူညီနေတယ်လို့တော့ထင်တယ် ဘယ်သူဆိုတာတော့မသိဘူး"

Bryce​ပျော်နေမိသည် သူချစ်တဲ့သူကသူ့နောက်လိုက်လာတယ် ဘာပဲဖြစ်ဖြစ်သူချစ်တဲ့သူနဲ့ ပြန်တွေ့ရမယ်ဆိုတာနဲ့ သူစိတ်လှုပ်ရှားနေမိသည်

'ပြန်တွေ့ခဲ့ရင်လေ ခင်ဗျားကိုချစ်တဲ့အကြောင်းတွေပြောချင်လိုက်တာ'

"Key နောက်ကမ္ဘာသွားမယ်"

"ဟွန့် အမျိုးမျိုးပဲ Hostကလည်း နေပါဦး နားပါဦး
( ̄▽ ̄)"

"တော် တန် တိတ် ခုချက်ချင်းပို့"

"Ok Host! ကမ္ဘာကူးပြောင်းနေပါပြီ 3 2 1 go!!!"

~~~~~~~

Bryce နိုးလာတော့သူရောက်နေတဲ့နေရာကိုကြည့်လိုက်တာပန်းခင်းတစ်ခုထဲမှာ ဗိုက်ကလည်း ဓားဒဏ်ရာကြောင့်သွေးထွက်နေသည်
"ငါဘယ်ရောက်နေတာလဲ Key"

"Hostအခုပန်းခင်းထဲမှာလေ မမြင်ဘူးလား"

"အဲဒါတော့မြင်တာပေါ့ အခုကမ္ဘာကဘာလဲ"

"မှတ်ဉာဏ်ကူးပြောင်းလိုက်မယ်"

"omm"

မှတ်ဉာဏ်ကိုကြည့်လိုက်တော့ သူအခုရောက်နေတာက မှော်တွေ မှော်သားရဲတွေနဲ့ပြည့်နက်နေတဲ့ ကမ္ဘာ
ခန္ဓာကိုယ်ပိုင်ရှင်က Crystalနိုင်ငံရဲ့ဘုရင် Edward ဖြစ်သည် ဥယျာဥ်ထဲမှာလမ်းလျှောက်ရင်းယုံကြည်ရတဲ့ကိုယ်ရံတော်တွေကလုပ်ကြံသဖြင့်ဓားဒဏ်ရာကြောင့်သေဆုံးပြီး Bryceရောက်လာတာဖြစ်သည် ကိုယ်ရံတော်တွေသူ့ကိုလုပ်ကြံဖို့ခိုင်းစေတာက သူ့ရဲ့ မိဖုရားခေါင်ကြီး Helenaဖြစ်သည်

UntitledWhere stories live. Discover now