(Unicode)
'တစ်နေ့တစ်နေ့ ဒီတိုင်းရေးပြည်ရေးတွေပဲလုပ်နေရတာ ပျင်းလာပြီ ဒါတောင် အသက်ကြီးတဲ့အထိမနေရသေးလို့ ဟင်းးး Charlesကလည်းပျောက်နေတာအခုထိပေါ်မလာဘူး'
Edward ဥယျာဥ်ထဲက ပန်းခင်းထဲထိုင်ပြီး ပန်းတွေဝါးရင်းKeyနဲ့စကားပြောနေသည်'{နားငြီးလိုက်တာ Hostရာ ပါးစပ်ကလည်းဘာလို့ ပန်းတွေဝါးနေတာလဲ ထွေးထုတ်လိုက်စမ်း အော့ အော့တွေ}'
'Key မင်းအရမ်းစကားများတာပဲ မင်းဝါးလို့ရရင် ဝါးကြည့်ပါ့လား မှော်ပန်းတွေမိုလို့လားမသိဘူး ချိုနေတာပဲ'
'{Hostနော် အဲဒါအဆိပ်ပန်းတွေ အရင်Edwardကအလှစိုက်ထားတာ}'
'ဟင်...'
Keyပြောလိုက်တာကြောင့် Edwardသူ့ပါးစပ်ထဲကပန်းတွေကို ထွေးထုတ်လိုက်ပြီး Keyကိုရန်တွေ့တော့သည်
'အဲဒါ အဆိပ်ပန်းဆိုတာ ငါ့ကိုဘာလို့စောစောမပြောတာလဲ အစုတ်ပလုတ် Keyရဲ့''{ကျွန်တော်မပြောတာက Hostကအားရှိပါးရှိဝါးနေတာလေ ပြီးတော့ အဆိပ်ပန်းဆိုပေမယ့် နာရီဝက်လောက်မေ့မြောသွားတာလောက်ပဲရှိတာ}'
Keyပြောပြီးပြီးချင်း Edwardက အဲ့နေရာတင်
တုံးခနဲလဲကျသွားသည် လက်ထဲမှာလည်း ဝါးဖို့ ပန်းပွင့်လေးတွေက ကိုင်လျက်'{ဟွန့် သူ့လူကြီးကဒီဘက်ကိုလာနေပြီ ငါရှိလည်းအပိုပဲ
အလကားရတဲ့ဆေးတွေလည်းမပေးတော့ဘူး မှော်ကမ္ဘာဆိုတော့ ငါလေး အေးဆေးပဲ သွားပြီ}'Charlesက မနေ့က Edwardသူ့ကိုနမ်းပြီးတည်းက သူအလုပ်များတယ်ဆိုပြီးEdwardကိုရှောင်နေတာ အခုသူEawardကိုတွေ့ချင်လာတော့ ဘယ်မှာမှရှာလို့မရတော့ နောက်ဆုံး ပန်းခင်းထဲပဲလာရှာရတော့တယ်
ပန်းခင်းထဲလဲနေတဲ့Edwardကိုတွေ့တော့ အိပ်နေတယ်လို့ပဲသူထင်မိတာ Edwardရဲ့အနားကိုသွားကြည့်လိုက်ကာမှ အိပ်မက်ပန်းဆိပ်မိနေတာကိုသူသိလိုက်ရသည်
Charlesလည်း Edwardကိုမပြီး ခေါင်းကိုသူ့ပခုံးပေါ်မှီခိုင်းကာ မှော်စွမ်းနဲ့အဆိပ်ဖြေပေးလိုက်တယ်
'ဘယ်လောက်မှမရှိသေးဘူး ထပ်ထိခိုက်ပြန်ပြီ Kingဒီလိုသာခဏ ခဏထိခိုက်နေရင် ကျွန်တော်ရင်ခွင်ထဲမှာပဲထားတော့မှာနော်'
