(Unicode)
Rioနဲ့ Jullieကအပြန်အလှန်အဆက်အသွယ်ရှိတာကို Conanလေးကကြိုက်ပုံမပေါ်ပေ
Conanလေးက Rioကို တစ်နေ့လုံးစကားမပြောဘဲစိတ်ကောက်နေသည်...
နောက်နေ့ညနေပိုင်းတွင် Conanလေးက Rioနဲ့ Jullieနေ့လယ်စာအတူတူစားမယ့်အကြောင်းသိပြီး စိတ်ကောက်နေသည်..
Conan ..'အဲဒါ ဒိတ်တာမဟုတ်ဘူးလား!'"babyလေး အန်ကယ်ကနေ့လယ်စာ စားပြီးတာနဲ့ ပြန်လာမှာပါ" Dennisညနေပိုင်းမှာ Companyကပြန်လာတော့ ဧည့်ခန်းက ဆိုဖာမှာ ပက်လက်လှန်ပြီးလဲနေတဲ့ Conanလေးကို Rioကချော့နေတာတွေ့လိုက်ရသည်
သူပြန်လာတာကိုတောင် နှစ်ယောက်စလုံး သတိမထားမိကြပေ
"ဘာဖြစ်နေတာလဲ"Rioရော Conanလေးရော Dennisကိုပြိုင်တူလှည့်ကြည့်လိုက်ကြသည် Conanလေးက ဆိုဖာပေါ်လဲနေရာကနေ ထိုင်လိုက်ကာ Dennisကိုမျက်နှာသေနဲ့ကြည့်ပြီးပြောသည်
"အန်ကယ်Rioကို ဒယ်ဒီဂရုမစိုက်ရင် ဒယ်ဒီ့ရည်းစားဟောင်းနဲ့ပါသွားလိမ့်မယ်"Conanလေးပြောတာကို Dennisတစ်လုံးမှနားမလည်ဘဲ ဖြစ်နေလို့ Rioကိုလှည့်ကြည့်လိုက်သည်
"သူဘာတွေပြောနေတာလဲ""အန်ကယ်Rioက ဒယ်ဒီရဲ့ရည်းစားဟောင်းJullieနဲ့ မနက်ဖြန်ဒိတ်ရင် သားသားကို သူ မထိန်းဘဲ အန်ကယ်Blakeနဲ့ထားခဲ့မှာတဲ့"
Rioပြန်မဖြေခင်မှာပဲConanက Dennisကို တိုင်လိုက်သည်"မကောင်းတဲ့ အန်ကယ်ကြီး"
ConanကRioကိုအော်ပြောလိုက်ပြီး မျက်ရည်တွေကျလာကာ ရှိုက်ငိုတော့သည်
Rioရော Dennisရော အံ့သြနေမိသည်Dennis "..." 'ငါ့သားက အဲ့လိုမျိုးဘယ်တုန်းကငိုတတ်သွားတာလဲ'
Rio"..." 'Conanလေးက ငါ့ကို ဘယ်တုန်းက ခင်သွားတာလဲ'
Dennisချောင်းတစ်ချက်ဟန့်ကာ Conanလေးကိုပွေ့ချီလိုက်သည်
"မင်းက Jullieနဲ့ဘယ်လိုသိတာလဲ""ကျွန်တော်တို့က 2ခေါက်လောက် မတော်တဆတွေ့ဖြစ်ရုံလေးပါ"
Rioက Jullieနဲ့သူနဲ့တွေ့ဖြစ်ခဲ့တဲ့အကြောင်းတွေကို Dennisကိုပြန်ပြောပြလိုက်သည်
"အထင်မလွဲပါနဲ့ ခင်ဗျားချစ်တဲ့သူဆိုပြီး သူမကိုကျွန်တော် ဒုက္ခမပေးပါဘူး"
