Arc 4...2

728 82 0
                                    

[Unicode]

Rioမိုးရွာထဲမှာ ထီးဆောင်းရင်း အလုပ်ကိုလမ်းလျှောက်သွားနေတုန်း သူ့အရှေ့က မိန်းကလေးတစ်ယောက်ကချော်လဲပြီး ထီးပါကျိုးသွားတာကိုသူမြင်လိုက်ရတယ်

"မင်းအဆင်ပြေရဲ့လား"

လဲနေတဲ့ကောင်မလေးကို သွားထူပြီးထီးဆောင်းပေးလိုက်တော့ သူမရဲ့ရုပ်ရည်ကသူနဲ့ နည်းနည်းလေးဆင်သလိုခံစားရတယ်
ဇာတ်လိုက်မနဲ့သူတွေ့တာပဲ Rioအစစ်ကတောင် သူမနဲ့မတွေ့ဖူးခဲ့ဘူး 'သူမကတော်တော်လှတာပဲ အသက်30ရှိပေမယ့် ငါထက်ငယ်တယ်လို့တောင်ထင်သွားတာ'
Jullie Brettကမိုးရေနည်းနည်းတော့ စိုသွားပေ
မယ့် သူမရဲ့အလှကို မိုးရေစက်တွေကထောက်ပံ့ပေးနေတယ်လို့တောင်ထင်ရတယ်

"ကျေးဇူးပါ အဆင်ပြေပါတယ်"

Rioအလုပ်နောက်ကျနေတာကြောင့် သူ့ထီးကို Jullie Brettကိုအတင်းပေးကာ အဲဒီနေရာကနေပြေးထွက်ခဲ့တယ် မိုးကတော့ရွာနေဆဲဖြစ်တယ်
Jullieကတော့ Rioပေးတဲ့ထီးကိုဆောင်းပြီး ထီးကျိုးတစ်ချောင်းကိုလက်ထဲကိုင်ကာ ငေးကျန်ခဲ့တယ် ​​အေးစက်စက်မိုးရေစက်တွေကြားမှာ သူမကိုထီးအနက်ရောင်တစ်ချောင်းပေးခဲ့တဲ့ အနက်ရောင် suit နဲ့ချောမောလှတဲ့ထိုအမျိုးသားက သူမရဲ့နှလုံးသားတစ်နေရာကိုဝင်ရောက်ခဲ့တယ်
Keyကတော့ သူ့ရဲ့Hostကဇာတ်လိုက်မ Jullie Brett ရဲ့ Princess Heartကိုနိုးကြားစေခဲ့တာကိုကြည့်ပြီး အူတက်နေတယ်
.....

ငါးပြတိုက်ထဲရောက်တဲ့အချိန်မှာ တကယ်ကိုအံ့သြသွားတယ် ငါးပြတိုက်ကြီးက အရမ်းကိုလှပတယ် သူ့အပေါ်မော့ကြည့်တော့လည် ထိုးဖောက်မြင်ရတဲ့ဖန်အထူကြီးနဲ့ကာထားတဲ့ ရေထဲကူးခတ်နေတဲ့ငါးအမျိုးအစားပေါင်းစုံကိုတွေ့ရတယ် တစ်ချို့နေရာတွေဆိုရင် သူ့ခြေထောက်အောက်ကကြမ်းခင်းကဖန်သားကြမ်းခင်းဖြစ်ပြီး အောက်ကငါးတွေကိုတွေ့နေရတယ် ပြောရရင် ဘေးပတ်လည်မှာ ငါးတွေဝန်းရံနေတော့ ပင်လယ်အောက်ထဲရောက်နေတဲ့ ခံစားချက်မျိုးပေးစွမ်းနိုင်တယ် ...
...သူ့ရဲ့ပျော်ရွှင်နေတဲ့စိတ်လေးက ကြာရှည်မခံဘူး
အနှောင့်အယှက်ပေါ်လာတယ် အဲဒါက မူလRioကိုဒုက္ခပေးတတ်တဲ့ Lily Deckerဆိုတဲ့အမျိုးသမီးကြောင့်ဖြစ်တယ် သူမက ငါးပြတိုက်ပိုင်ရှင်ရဲ့ သူငယ်ချင်းဖြစ်ပြီး ဇာတ်လိုက်Dennisရဲ့ ကျောင်းနေဖက်လည်းဖြစ်တယ် Dennisနဲ့ Jullieတို့တွဲတုန်းကလည်း သူမပဲ ကြားဝင်နှောင့်ယှက်လို့ Jullieဘက်စပြီးလမ်းခွဲလိုက်တာဖြစ်၏ Rioက Dennisရဲ့ကောင်လေးဆိုတာကို သူမစုံစမ်းရင်းသိတော့ ငါးပြတိုက်ကို လာလာပြီး 'မင်းက အရှက်မရှိဘူး မင်းကသူ့ရဲ့အချစ်ဦးနဲ့နည်းနည်းတူရုံပဲ စောက်ခြောက်ကောင် ခန္ဓာကိုယ်ရောင်းစားတဲ့ကောင်ဘာလာ ဘလာ'ဆိုပြီး လှောင်ပြောင်လေ့ရှိတယ်

UntitledWhere stories live. Discover now