(Unicode)
"ငါတို့လျှောက်လည်ကြရအောင်"
TVကြည့်နေတဲ့ Davidကို Deanလှမ်းပြောလိုက်တယ်သူပြောတော့ Davidက သူ့ဆီလှည့်ကြည့်လာပြီး
"ဘာကို ဘယ်ကိုလျှောက်သွားမှာလဲ""ကစားကွင်းသွားကြမယ်" Deanပျော်ပျော်ရွှင်ရွှင်နဲ့ပဲဖြေလိုက်တယ်
"ကစားကွင်းက ကလေးတွေပဲသွားတာ ကျွန်တော်မသွားဘူး" Davidကစိတ်မပါတပါအသံနဲ့ ပြန်ပြောတယ်
"ထားပါတော့ မသွားချင်လည်းမခေါ်ဘူး"
Deanပြောပြီး စိတ်နည်းနည်းလေးတိုရတယ် 26နှစ် ရှိပြီဖြစ်တဲ့သူက ကစားကွင်းသွားတာဘယ်လိုမှမနေဘူး 18နှစ်ပဲရှိသေးတဲ့ ကောင်စုတ်လေးက ကစားကွင်းက ကလေးဆန်တယ်လို့ပြောတယ်ပေါ့Davidကိုကြည့်တော့ Davidက TVပဲဆက်ကြည့်နေတာဖြစ်တယ် TVမှာလာနေတာက ညို့အားပြင်းတဲ့ကမ္ဘာကျော်မင်းသမီး Emilyပါဝင်သရုပ်ဆောင်ထားတဲ့'Mr.Ghost'ဆိုတဲ့ movieဖြစ်တယ်
"Davidငါမင်းကိုမေးစရာရှိတယ်"
"ဘာမေးမလို့လဲ"
Davidက အပျင်းကြောဆန့်ရင်း သူမေးမှာကိုစောင့်နေတယ်"မင်းမှာကောင်မလေးရှိလား"
မေးလိုက်ပေမယ့်လည်း Deanရဲ့ရင်ထဲ စိုးထိတ်မှုတွေရှိနေတယ် သူ့ချစ်သူဆိုပေမယ့်လည်း ကျောင်းသားအရွယ်ဆိုတော့ ရည်းစားရှိနေရင်ရှိနေမှာလို့စိတ်ထဲတွေးမိခဲ့တာကြောင့်ဖြစ်တယ်"အာ ကောင်မလေးလား...မရှိပါဘူး"
Davidက ပေါ့ပေါ့ပါးပါးပဲပြန်ဖြေတယ်"အော်"
သူ့ရင်ထဲက အလုံးကြီးကျသွားပြီ သူ့ချစ်သူ အထက်တန်းပြီးတာနဲ့ သူ့ဘက်ကစပြီးပိုးပန်းဖို့ တစ်ခဏအတွင်း ခေါင်းထဲမှာ အစီအစဥ်တွေဆွဲနေပြီးပြီDavidကတော့သူ့ကိုမသင်္ကာစွာနဲ့ကြည့်လာပြီးမေး၏
"ဘာလို့မေးတာလဲ""ဘာမှမဟုတ်ပါဘူး ဒီအတိုင်းမေးတာ အိုးး ဒါနဲ့ ငါအချိန်ပိုင်းအလုပ်သွားရတော့မယ် နေ့လည်ကျဗိုက်ဆာရင် ဟင်းတွေကိုယ့်ဘာသာနွေးစားလိုက် ငါကအပြင်မှာပဲစားလိုက်မှာ"
Deanစကားလမ်းကြောင်းပြောင်းလိုက်ကာ အခန်းထဲပြန်ဝင်ပြီး အချိန်ပိုင်းအလုပ်သွားဖို့ပြင်ဆင်လိုက်သည်