[Unicode]
Rioငိုတာရပ်သွားတော့ သူ့မျက်လုံးကတော်တော်
လေးကို မို့အစ်နေပြီဖြစ်တယ် သူဘာဖြစ်နေမှန်းကို
မသိဘူး အရမ်းကို ဝမ်းနည်းတတ်နေတယ်
'အချိုလေးဘာလေးစားရမယ်'ညနေအိမ်အောက်ထပ်ကိုဆင်းတော့ Dennisမရှိလို့တော်သေးတယ် သူDennisကိုပြောချင်ရာတွေပြောထားခဲ့တာ အဲ့ဒါက Dramaဆန်တော့နည်းနည်းရှက်ဖို့ကောင်းတယ်
အဲဒီနေ့ကစပြီး Dennisကသူ့အခန်းဆီမလာတော့ပေ သူကလည်း Dennisနဲ့တွေ့ရင် မသိချင်ယောင်ဆောင်နေလိုက်သည် မခေါ်မပြောဘဲနေတာ တစ်ပတ်တောင်ရှိပြီ သူနည်းနည်းတော့ မနေတတ်
သလိုပဲ
....
အန်တီ Sharlesက ခွင့်ယူထားတာကြောင့် Conanလေးကို စားဖိုမှူးDrakeကပဲကြည့်ပေးနေရတယ်Rioလည်းအလုပ်မှာခွင့်ယူထားတာကြောင့် အိမ်မှာနေပြီး Conanလေးသူ့ကိုမမုန်းတော့အောင် ကြိုးစားနေရတယ်
အခုလည်း စားဖိုမှူးDrakeကညစာအတွက် ပြင်ဆင်နေတုန်း Conanလေးရဲ့ အခန်းကိုသူသွားတယ်"Conanလေး ဘာတွေလုပ်နေတာလဲ"
Conanလေးက ဝက်ဝံရုပ်တွေပါတဲ့ ညအိပ်ဝတ်စုံလေးနဲ့ ချစ်ဖို့ကောင်းနေတယ် ရေချိုးပြီးခါစဖြစ်လို့ နှာခေါင်းလေးကလည်း ရဲရဲလေးဖြစ်နေ၏
"ဘာမှမလုပ်ဘူး"
Conanလေးကတကယ်တော့ ရုပ်ပုံပါတဲ့ ပုံပြင်စာအုပ်တွေကိုကြည့်နေတာဖြစ်တယ်
Conanလေးရဲ့အနားကိုသွားထိုင်လိုက်ကာ Conanလေးရဲ့ နူးနူးညံ့ညံ့လက်သေးသေးလေးကိုRioဆုပ်ကိုင်လိုက်တယ်"အရင်က Conanလေးရဲ့ လက်ကလေးကို Uncleက လိမ်ဆွဲခဲ့ဖူးတယ်မဟုတ်လား"
Conanလေးက သူ့ကိုထူးဆန်းစွာကြည့်ပြီး လက်ကလေးကိုသူ့လက်ထဲကပြန်ဆွဲထုတ်လိုက်တယ်
"သားသားလက်ကိုမထိနဲ့ မကြိုက်ဘူး"
ကလေးလေးတစ်ယောက်ရဲ့မုန်းတာကိုခံရတဲ့သူက တကယ်ကို အပြစ်ရှိတဲ့သူပဲ အဲဒါကြောင့်လည်း မူလRioကနောင်တရသွားတာထင်တယ်
သူConanလေးရဲ့ အခန်းပြတင်းပေါက်ကိုကျောခိုင်းရပ်လိုက်ကာ Conanလေးကိုကြည့်လိုက်တယ်"Uncle ဒီအိမ်ကထွက်သွားရင် Conanလေးပျော်မှာမဟုတ်လား"
"အင်း"
