(Unicode)
နောက်နေ့မနက်ပိုင်းCharlesကသူ့အခန်းထဲမှာသူ မှော်လေ့ကျင့်နေရင်း စိတ်က Edwardဆီပဲရောက်နေတော့ လေ့ကျင့်တာကိုအာရုံစိုက်မရဘဲဖြစ်နေတယ် ဒါကြောင့် Edwardရဲ့အဆောင်ကိုသူ့ခြေလှမ်းတွေကစတင်လှမ်းတော့သည်
သူEdwardအခန်းထဲဝင်တော့ Edwardကအိပ်ရာမနိုးသေး အိပ်တာကလည်း ခုတင်ပေါ်မှာမဟုတ်ပဲ ခုတင်အောက်မှာအိပ်နေ၏ စောင်တွေနဲ့ လုံးထွေးနေတော့ တကယ့် ပိုးတုံးလုံးကြီးလိုဖြစ်နေသည်
'အာ Edwardက ခုတင်ပေါ်အိပ်ရတာမကြိုက်ဘူးထင်တယ်'"Edward ထတော့လေ Edward"
Edwardမနက်စောစောစီးစီးသူ့ကိုလာနိုးနေတဲ့သူကြောင့် ဒေါသတွေထွက်ပြီး အိပ်ချင်မူးတူးနဲ့အဲ့လူကိုခြေထောက်နဲ့ကန်လိုက်တယ် မျက်လုံးဖွင့်ကြည့်လိုက်တော့မှCharlesဖြစ်နေတာကိုသိပြီး ရှက်ရှက်နဲ့စောင်ပုံထဲပြန်တိုးနေလိုက်သည်
"Edwardကွာ ထတော့ ကလေးဆိုးကြီးလုပ်မနေနဲ့"
"ဆက်အိပ်ဦးမှာ လာမနိုးနဲ့ go go get out"
"ကျွန်တော်က Edwardကိုတွေ့ချင်လို့ မှော်တောင်မလေ့ကျင့်ပဲ လာတွေ့တာကို Edwardကကျွန်တော့ကိုမတွေ့ချင်ဘူးပေါ့လေ"
"အွန်း သွားတော့ နေ့လယ်မှပြန်လာခဲ့"
"ကျွန်တော် နောက်နေ့ Jနိုင်ငံကိုပြန်တော့မှာ"
Charlesအဲ့လိုပြောကာမှ Edwardကစောင်ပုံထဲကထွက်လာပြီး Charlesရဲ့မျက်နှာကို လက်နှစ်ဖက်နဲ့ကိုင်လိုက်ကာမေးခွန်းတွေ အဆက်မပြတ်မေးတော့သည်
"ဘာလို့သွားမှာလဲ ဘယ်အချိန်လဲ ဘာလုပ်ဖို့လဲ ဒီမှာမနေချင်တော့လို့လား"
Edwardအဲ့လိုမေးတော့ Charlesကရယ်လိုက်ရင်း
Edwardမျက်နှာကိုပြန်ကိုင်ကာ
"ကျွန်တော့်သူလျှိုတွေပေးတဲ့သတင်းအရ ဒီနိုင်ငံကို King Antonyကလာတိုက်တော့မယ်လို့ပြောကြတယ်""ဟင် တကယ်ကြီးတိုက်မှာလား"
"ကျွန်တော်လည်း တကယ်ဖြစ်မယ်လို့ထင်တယ် ဘယ်နေ့ဆိုတာလဲတော့မသိဘူး အဲဒါကြောင့် ကျွန်တော်J နိုင်ငံကိုသွားပြီးစုံစမ်းမလို့"
Edward မကျေမနပ်ဖြစ်ပြီး King Antonyကိုသူထုရိုက်ပစ်ချင်စိတ်တောင်ပေါ်လာပြီဖြစ်သည် 'အလကားနေရင်း သူများနိုင်ငံလာတိုက်ချင်နေရတယ်လို့ပဲ'
