(Unicode)
Rioက Dennisနဲ့ အသက်ကြီးသည်အထိ ပျော်ရွှင်စွာနေထိုင်ခဲ့သည် Conanလေးကလည်း သူတို့ကို အထူးဂရုစိုက်ပေးသည် စိတ်မကောင်းစရာကတော့ Conanလေးကလက်တွဲဖော်ရှာဖို့စိတ်ကူးမရှိပေ Dennisကတော့ သူ့သားသဘောရှိတဲ့အတိုင်းနေစေသည်
[A/N::Conanလေးက စာရေးသူရဲ့အပိုင်ပါ(*¯︶¯*) ..]{"System Zoneကပြန်လည်ကြိုဆိုပါတယ် Host"}
ပျောက်ချင်းမလှပျောက်နေတဲ့ Keyရဲ့အသံကို Bryceကြားလိုက်ရသည်
Bryce သူ့နားထင်သူဖျစ်ကာ အိပ်ရာပေါ်ထိုင်နေလိုက်သည်
"မစ်ရှင် အခြေအနေဘယ်လိုရှိလဲ"Keyက အားတက်သရောပြန်ဖြေသည်
{" လုံးဝကို 100 percent ပြီးမြောက်ပါတယ် "}သူ့မစ်ရှင်အောင်မြင်မယ်ဆိုတာကို Bryceသိသည် သူConanလေးကိုလည်း မိဘလိုစောင့်ရှောက်နိုင်ခဲ့တယ် သူဌေးတစ်ယောက်ဖြစ်လာဖို့ သူဘာမှမလုပ်ပေမယ့် သူကသူဌေးကြီး Dennisကိုယူလိုက်သည်လေ
အပျင်းထူနေတာက မကောင်းမှန်းသိပေမယ့် Bryceကပျင်းနေတုန်းပဲBryce သူ့ရဲ့စိတ်စွမ်းအင်နယ်ပယ်ကspaceကိုဝင်ကာ သူနဲ့Johnရဲ့အကြောင်းတွေကိုကြည့်နေလိုက်သည်
သူ့စိတ်စွမ်းအင်နယ်ပယ်ထဲမှာ Jayမရှိတော့တာကို Bryceသတိထားမိလိုက်သည်
"Key ငါ့စိတ်စွမ်းအင်နယ်ပယ်ထဲမှာ Jayမရှိတော့ဘူး"{"Hostကိုကျွန်တော်ရှင်းပြမှာတွေကို သေချာနားထောင်နော် ပြီးတော့ စိတ်မလှုပ်ရှားနဲ့}
Keyဘာပြောမလဲဆိုတာကိုမသိပေမယ့် Bryceချက်ချင်း သဘောတူလိုက်သည်
{"Jayက အုပ်ချုပ်သူAustinရဲ့ Alterငယ်လေးတစ်ခုဖြစ်လို့ အုပ်ချုပ်သူAustinက Jayကိုသူ့စိတ်နဲ့တစ်သားတည်းဖြစ်အောင် ခက်ခဲစွာပြန်ပေါင်းစည်းလိုက်တယ် နောက်တစ်ခုပြောချင်တာက Hostရဲ့ပျောက်နေတဲ့မှတ်ဉာဏ်အစိတ်အပိုင်းကို main system Skyကပြန်ပြင်ပေးလိမ့်မယ် ဒါပေမယ့် အဲ့လိုပြန်ရချင်ရင် ပြန်ပေးဆပ်ရတဲ့အနေနဲ့ Hostက ကမ္ဘာမြေကိုမပြန်ရတော့ဘဲ System Zoneမှာ တာဝန်ထမ်းဆောင်ရလိမ့်မယ်"}Bryce အနည်းငယ်တော့တွေဝေသွားခဲ့ပေမယ့် သူကတစ်ယောက်တည်းသမားဖြစ်တာကြောင့် သိပ်ပြီးတော့
မစိုးရိမ်ပေ ခက်တာက သူ့ရဲ့ Johnက ဘယ်ကလာတာလဲဆိုတာကို သူနည်းနည်းလေးမှမသိဘူးဖြစ်နေသည်
![](https://img.wattpad.com/cover/222725147-288-k68228.jpg)