(Unicode)
Antonyရဲ့အမိန့်ကြောင့် အခန်းထဲကနေထွက်မသွားဘဲ နေနေရတဲ့ Edward : Antonyကတော့ မှော်စွမ်းအားလေ့ကျင့်နေပြီး သူကတော့ထိုင်စောင့်နေရတော့ ပျင်းနေသည်
'ဒီကမ္ဘာကတော်တော်ပျင်းဖို့ကောင်းလိုက်တာ ငါ့ချစ်သူကလည်း dark magicမိနေတဲ့ ဂေါက်ကြောင် ဟင်းးး suicideလုပ်ချင်စိတ်ပေါက်လာပြီ'
{'Hostပဲချစ်နေတာမဟုတ်လား အဲ့ဂေါက်ကြောင်ကို'}
'အိပ်မှဖြင့်အိပ်နေစမ်းပါ ငါ့စိတ်ထဲဝင်ဝင်ဖတ်မနေနဲ့'
{'Host ပြောတာနော် နောက်မှ Keyလေးရေ ပူတူတူးလေးရေဆိုပြီး လာမခေါ်နဲ့ out p'}
Keyနဲ့စိတ်ထဲကနေစကားပြောနေရင်း Edwardအိပ်ငိုက်လာသည် မနက်စောစောတစ်ခါမှမနိုးဖူးဘဲ နိုးလာရတာကြောင့် အိပ်ချင်လာသည်
'ငါထိုင်ပြီး ခိုးအိပ်ရင် Antonyမသိလောက်ဘူး မဟုတ်လား'{'ဘယ်သိမလဲ ဟိုကဖြင့် မှော်စွမ်းအားလေ့ကျင့်နေတာကို'}
'ထားတော့ မသိတော့ဘူး ခိုးအိပ်ပြီပဲ'
°°°°°°°°°
နန်းဆောင်ကို ဒေါသတကြီးပြန်လာတဲ့ Diana သူမရဲ့ဘေးမှာလည်း မကောင်းတဲ့အငွေ့အသက် မည်းမည်းတွေလွမ်းခြုံနေသည်"Dianaစိတ်လျော့ထား"
William သူ့ညီမရဲ့ဒေါသထွက်နေတဲ့အခြေအနေကိုထိန်းဖို့ရောက်လာတာဖြစ်တယ် သူ့ညီမရဲ့ ဒေါသထွက်ရင်ဖြစ်လာတတ်တဲ့အခြေအနေကိုသူသိသည်
တစ်ခါက Dianaဒေါသထွက်တော့ သူမရဲ့ အစေခံတွေအကုန်လုံး ကြာပွတ်ဒဏ်ခံရပြီး အဲ့ထဲက သုံးယောက်ကတော့ အသက်ဆုံးရှုံးတဲ့အထိဖြစ်သွားခဲ့တယ်"အစ်ကို"
နီရဲနေတဲ့မျက်လုံးတွေနဲ့သူ့ကိုကြည့်ပြီးဝမ်းနည်းဖွယ် ငိုကြွေးလာတဲ့ Diana
ညီမလေးတစ်ယောက်သာရှိလို့ ထိုညီမလေးရဲ့ ဝမ်းနည်းခြင်းတွေကအစ်ကိုဖြစ်တဲ့သူ့အတွက်တော့
မကြည့်ရက်နိုင်စရာဖြစ်ပေသည်"အစ်ကို အဲဒီ King Edwardကိုညီမလေးသတ်ချင်တယ် သူ့ကြောင့် သူ့ကြောင့် ညီမလေးရဲ့ အစီအစဥ်တွေပျက်စီးရတော့မှာ Antonyကို မထိန်းချုပ်နိုင်ရင် ညီမလေးရဲ့ မှော်စွမ်းအားတွေဆုံးရှုံးမှာ မဟုတ်ဘူး အခန့်မသင့်ရင် သေရမှာ "
