[Unicode]
မနက်စောစောမှာ Eastonနဲ့ Caneက Gray Walterရှေ့မှာ ဒူးထောက်ထိုင်နေရသည် နှစ်ယောက်လုံးအပြစ်လုပ်ထားမိတာကြောင့် တစ်ယောက်မှစကားမပြောရဲပေ
Gray Walterက ခပ်ဆိုးဆိုးသားနှစ်ယောက်ကို အမူအရာကင်းမဲ့စွာကြည့်နေသည်"Dad ကျွန်တော်မှားပါတယ်"
အရင်ဆုံး Caneကစပြောလိုက်သည် Caneဒူးထောက်နေရတဲ့အကြောင်းအရင်းက အိမ်ပြန်မလာဘဲ တစ်ညလုံးဂိမ်းဆိုင်ထိုင်လို့ဖြစ်သည်"နောက်အိမ်ပြန်မလာရင် မင်းခြေထောက်ကိုရိုက်ချိုးပစ်မယ်" Gray Walterက စနောက်နေတဲ့အမူအရာတစ်စက်မှ မပါဘဲပြောလိုက်တာကြောင့် Caneက စကားထပ်မပြောရဲတော့ပေ
"မင်းကတော့ မင်းအမှားကိုမင်းမပြောတာနဲ့ ငါမသိဘူးထင်မနေနဲ့"
Gray Walterက Caneထက် Eastonကိုပိုပြီးဒေါသထွက်နေကြောင်းသိသာသည်"ကျွန်တော်.."
Eastonက ဘာပြောရမလဲဆိုတာစဥ်းစား
မရတော့ပေ
သူမနေ့က Henryအိမ်မှာပဲ TVကြည့်လိုက် ဂိမ်းကစားလိုက်လုပ်နေတာဖြစ်တယ် Henryပြန်လာတော့ Henryဆီကဝိုင်နံ့နည်းနည်းရတာနဲ့ သူလည်းဝိုင်သောက်ချင်ကြောင်း ပြောပြီး နှစ်ယောက်သားသောက်ဖြစ်သွားကြသည် ပြီးတော့ ဘယ်လိုကနေဘယ်လို ပူလောင်ပြင်းပြတဲ့အချစ်တိုက်ပွဲဆီဦးတည်သွားလဲဆိုတာတောင် မမှတ်မိတော့ပေ သူမနက်မိုးလင်းတာနဲ့ အိမ်ကိုပြန်သွားတော့ အဖေကဧည့်ခန်းမှာ သူ့ကိုထိုင်စောင့်နေတာကိုတွေ့လိုက်ရသည်
သူ့ညီလေးကလည်း ဒူးထောက်အပြစ်ပေးခံထားရသည်"အဲဒီတော့ မင်းက Henryဆိုတဲ့လူငယ်နဲ့တွဲနေတာပေါ့"
Gray Walterက လက်ဖက်စိမ်းရည်သောက်ရင်းမေးလိုက်သည်"ဟုတ် ဟုတ်ပါတယ် ကျွန်တော်တို့တွဲနေကြတာပါ"
Eastonပြန်ဖြေတဲ့အသံကတုန်ယင်နေသည်"မင်းတို့ ဆက်ပြီးဒူးထောက်နေကြ"
Gray Walterက သားနှစ်ယောက်ကိုဧည့်ခန်းထဲမှာ ဒူးထောက်ခိုင်းခဲ့ပြီး စာကြည့်ခန်းဘေးကအခန်းကိုဝင်သွားတော့သည်
သူ့အစ်ကိုက ခပ်ဆိုးဆိုးသားတွေကိုမွေးထားခဲ့လို့ သေသွားတဲ့ သူ့အစ်ကိုကိုဒေါသထွက်လာသည် သူ့အသက်က 20ကနေ အခု33နှစ်ရှိတဲ့အထိ ထိုငမိုက်သားနှစ်ကောင်ကိုစောင့်ရှောက်နေရတာဖြစ်သည် နောက်ဆိုသူ့သားတွေကို သိပ်ပြီးအလိုမလိုက်ဖို့ဆုံးဖြတ်ချက်ချလိုက်သည်