(Unicode)
Edward နေ့ခင်းရောက်တော့ သူရွေးထားနဲ့ ကိုယ်လုပ်တော် Zoeyရဲ့အဆောင်ကိုသွားလိုက်သည်
Charlesကတော့နောက်ကလိုက်လို့
"Charles မင်းဘာလိုက်လုပ်တာလဲ""ကျွန်တော်က Kingကိုစိတ်မချလို့ လိုက်စောင့်ရှောက်မလို့ပါ"
"အဟမ်း ရတယ် လိုက်စရာမလိုဘူး သွားတော့"
Edwardကမောင်းထုတ်တော့Charlesရဲ့နှလုံးသားလေးထပ်ပြီး နာကျင်သွားရပြန်သည်
Charlesထွက်သွားတော့ Edwardလည်း ဆက်လျှောက်လာရင်း ကိုယ်လုပ်တော် Zoeyရဲ့အဆောင်ကိုရောက်လာခဲ့သည်
အစေခံတွေကို လက်ပြပြီးသွားတော့ဖို့ ပြောတော့ အစေခံတွေအကုန်ထွက်သွား၏ Edwardအခန်းတံခါးကိုဖွင့်ပြီး ဝင်လိုက်တော့အမွေးနံ့သာနံ့တွေမွှေးကြိုင်နေသည် Edwardအမွှေးနံ့သာနံ့ကိုတကယ်မကြိုက်ပေ အဲဒါထက် သူအခန်းထဲကိုကြည့်လိုက်တော့ ခုတင်ပေါ်မှာ အဝတ်မဲ့စွာနဲ့ လဲလျောင်းနေတဲ့ ကိုယ်လုပ်တော်Zoey'အိုးး ဆင်ဆာခန်းတွေမဖြစ်ချင်ဘူး ရှက်ဖို့ကောင်းလိုက်တာ'
"King ကျွန်မနဲ့ပျော်ရအောင်လေ " ညူတူတူဆွဲဆောင်သံနဲ့ Zoeyကပြော၏
"ကိုယ်လုပ်တော် Zoey အဝတ်ပြန်ဝတ်လိုက်စမ်း"
Edwardပြောတော့ Zoeyက ကြောက်ကြောက်နဲ့ အဝတ်ပြန်ဝတ်လေ၏ Edwardလည်း အဲဒီအခန်းမှာ စိတ်ပျက်စရာကောင်းတာနဲ့ပြန်ထွက်လာလိုက်သည်
နောက်နေ့သူ Charlesဆီကနေသတင်းတွေကြားတာတော့ ကိုယ်လုပ်တော်တွေက သူ့ကို ပန်းသေနေလို့
သူတို့နဲ့မအိပ်တာဆိုပြီးပြောနေကြလေရဲ့'ဟမ့် ဘယ်လိုဟာသလဲ ပန်းသေတာမဟုတ်ဘူး ငါကိုကမင်းတို့ကိုစိတ်မဝင်စားတာ'
Charlesကတော့ ကြိတ်ပျော်နေသည် Kingကအခုတလော တိုင်းပြည်ရေးရာတွေလုပ်လာတဲ့အပြင် မိန်းမကိစ္စလည်းမလိုက်စားတော့ပေ
' မဟုတ်မှ Kingကငါ့ကိုစိတ်ဝင်စားနေတာလားမသိဘူး အာ ဘယ်လိုအတွေးတွေငါတွေးနေတာပါလိမ့်'
Charlesသူ့ရဲ့ခုန်နေတဲ့နှလုံးသားလေးကို ဥပေက္ခာပြုပြီး သူ့အတွေးတွေကိုတည်ငြိမ်အောင် ကြိုးစားရသည်
"Kingကငါ့မကြိုက်ဘူး ငါလည်း Kingကိုမကြိုက်ဘူး ပြီးတော့ Kingက ရုပ်ဆိုးတယ် ငါက အချောအလှမိန်းကလေးတွေကိုပဲစိတ်ဝင်စားတာ ဟုတ်တယ်"
![](https://img.wattpad.com/cover/222725147-288-k68228.jpg)