(Unicode)
Edwardနောက်နေ့မနက် အိပ်ရာနိုးလာတော့
မတ်တပ်ရပ်လိုက်တာ တစ်ကိုယ်လုံးကိုင်ရိုက်ထားသလိုနာကျင်နေသည် Keyကိုနေမကောင်းဘူးလို့ပြောမလို့ Keyကခေါ်လို့မရ
အစေခံတွေကိုခေါ်မလို့လုပ်ပေမယ့် အရင် Edwardရဲ့မှတ်ဉာဏ်အရ အနားမှာ အစေခံတစ်ယောက်မှထားလေ့မရှိပေ
'Edwardကရူးနေတာလား ဘာမှော်ပညာမှမတတ်ဘဲ နဲ့အစောင့်တွေကိုလည်းမထားဘူး လူသိမခံတဲ့ရောဂါများရနေတာလားမသိဘူး'"Kingကျွန်တော် ဝင်လာလို့ရလား"
အပြင်ကခွင့်တောင်းသံကြားတော့ Edwardမှတ်ဉာဏ်အရထိုသူက Edwardရဲ့ ကိုယ်ရံတော်အဖွဲ့ထဲမှာမပါတဲ့ သီးသန့်ကိုယ်ရံတော် Charlesဖြစ်သည်
"ဝင်ခဲ့"
"ကျွန်တော်အိမ်မှာအနားယူနေတုန်း Kingလုပ်ကြံခံရတယ်လို့သတင်းရလို့ပြန်လာတာပါKing ကျွန်တော်ရဲ့ တာဝန်လစ်ဟင်းမှုအတွက်အပြစ်ပေးပါ"
"ဟမ့် သတင်းကမြန်လိုက်တာ ငါကိုယ်တော်မနေ့ကမှလုပ်ကြံခံရတယ် ဒီနေ့ပဲ တစ်တိုင်းပြည်လုံးပျံ့သွားပြီ"
"ကျွန်တော့်အမှားပါ ကျွန်တော်သာရှိခဲ့ရင် အခုလိုဖြစ်မှာမဟုတ်ဘူး"
"မောင်မင်းအမှားတော့မဟုတ်ပါဘူး မောင်မင်းလည်းမှော်ပညာလေ့ကျင့်ဖို့ နားရက်တောင်းထားတာ ကိုယ်တော်ကိုယ်တိုင်ခွင်ပြုခဲ့တာပဲ"
Edwardသူ့ရှေ့က သူ့ကိုယ်သူအပြစ်တင်နေတဲ့ ခပ်ချောချောကောင်လေးကိုကြည့်ပြီး မနာလိုဖြစ်မိသည်
သူ့ထက်အသက်ငယ်ရွယ်တဲ့အပြင် မှော်ပညာကို ထိပ်တန်းရောက်နေပြီဖြစ်သည် ဒီကြားထဲရုပ်ကပါ အရမ်းချောနေတော့ ကောင်မလေးတွေရဲ့အသည်းကိုချွေတဲ့သူဖြစ်မှာအသေအချာပင် အစိမ်းရောင်မျက်လုံး နီဆွေးနေတဲ့နှုတ်ခမ်း သူ့ထက်ငယ်ပင်ပေမယ့် သူ့ထက်အနည်းငယ်ရှည်တဲ့အရပ်နဲ့ အညိုရောင်ဆံပင်တွေကပါထပ်ပေါင်းလိုက်တော့ တကယ့်ကိုလုံးဝ perfectပဲ"King ကျွန်တော့်ကို Kingရဲ့အနီးဆုံးအဆောင်ကိုပြောင်းလာ ခွင့်ပြုပါ"
"ကောင်းပြီလေ ငါကိုယ်တော်ရဲ့ဘေးကအဆောင်ကိုလာစေ အခုတော့ ကိုယ်တော့်ကိုလုပ်ကြံတဲ့သူတွေကိုစုံစမ်းပြီး ဖမ်းဆီးထားလိုက်"
