Arc 3 (Violinista)..13

923 109 3
                                        

(Unicode)

Davidကခါတိုင်းလို Deanထက် ​ကျောင်းကို​​စောသွားသည် Deanက​လည်း ခါတိုင်းလိုပဲ ​နောက်ကျမှကျောင်းကိုသွား၏ ထူးခြားတာက​တော့
သူ့က​လေး​လေးDavidပြင်​ပေးထားတဲ့ ​​ပေါင်မုန့်မီးကင်ကိုစားရင်းနဲ့​ ​ကားကို​ဖြေး​ဖြေး​လေး​မောင်းရင်းသွားတာဖြစ်တယ် ​ပေါင်မုန့်ကတူး​နေ​ပေမယ့် ခါတိုင်းမနက်စာ​တွေထက်​တော့ ချိုမြိန်​နေသည်
Dean အိမ်ကထွက်လာပြီးမကြာဘူး သူ့ကိုကားရပ်ပြီး​စောင့်နေတဲ့ Henryကို​တွေ့ရတယ် Deanလည်း ကားစက်သပ်ကာ ကားထဲကထွက်လာလိုက်ရသည်

"​ဘာဖြစ်တာလဲ"

Dean​မေးလိုက်​တော့ Henryကသူ့ကို အားကိုးတကြီးကြည့်လာတယ်

"ငါ့ရဲ့ Eastonကို သူ့အ​ဖေက အိမ်အပြင်ထွက်ခွင့်​ပိတ်ထားတယ် အဲဒါမင်းဆီက အကူအညီ​တောင်းစရာရှိလို့"

Deanက ကားကိုမှီလိုက်ပြီး ခပ်မိုက်မိုက်ရပ်​နေလိုက်၏
"ဆိုစမ်းပါဦး ငါက ဘယ်လိုကူညီနိုင်မှာမိုလို့လဲ"

"Easton​ပြောတာ သူ့အ​ဖေက ပိတ်ရက်​တွေမှာသူ့(Easton) ကိုလာသင်​ပေးဖို့ မင်းကို အကူအညီ​တောင်းမယ်တဲ့ အဲဒီရက်​တွေကျ မင်းက အ​ကြောင်းပြချက်​လေး​ပေးပြီး တစ်ခါ နှစ်ခါ​လောက် Eastonကို အပြင်ကို ​ခေါ်ထုတ်​ပေးပါ့လား"

Deanက မျက်ခုံးကိုတွန့်ချိုးလိုက်သည် 'ဒီ​တော့ ဒီ​ကောင်ကသူ့​ကောင်​လေးနဲ့​တွေ့ရဖို့ ငါ့ကို Big Bossကြီးနဲ့ရင်ဆိုင်ခိုင်း​နေတာ​ပေါ့'

Dean မငြင်းရ​သေးခင် Henryက အသည်းအသန်ဆက်​ပြောသည်
"Eastonနဲ့ ခဏ​လေးဆို ခဏ​လေးတွေ့ရလည်း ငါ​ကျေနပ်ပါတယ် ကူညီပါကွာ ဟိုတစ်ခါကမင်းကြိုက်တယ်လို့​ပြောတဲ့ ငါးပြတိုက်ကို လက်​​ဆောင်​ပေး​မယ်​လေ"

ဒီတစ်ခါ​တော့ Deanသ​ဘောတူလိုက်သည် ငါးပြတိုက်တစ်ခုအလကားရမှာဆို​တော့ သူ့ဘက်ကလုံးဝအရှုံးမရှိဘူး

Henryက သူ (Dean)ကတိအထပ်ထပ်​ပေးကာမှ လှည့်ပြန်သွားသည် သူ(Dean)က​တော့ နဂိုတည်းက ​ကျောင်း​နောက်ကျ​နေတာ ပို​တောင် ​နောက်ကျသွား၏
...............

ကာယအချိန်မှာ​ အတန်းCက အပြေး​လေ့ကျင့်နေရင်း ​Deanကိုကြိုက်​နေတဲ့ကောင််မ​လေးတစ်​ယောက်က David​ရှေ့မှာ ​​မေ့လဲသွားသည် Davidက မကူညီချင်​ပေမယ့် ကာယဆရာက သူ့ကို ထို​ကောင်မ​လေးအား ​ကျောင်း​ဆေး​ပေးခန်းဆီ ပို့​ခိုင်းလိုက်၏ ဖြစ်နိုင်ရင် Davidက ထို​ကောင်မ​လေးကို တရွတ်တိုက်ဆွဲသွားချင်တာဖြစ်တယ် ဒါ​ပေမယ့် ကာယဆရာ​ပြောတာ​ကြောင့် ကုန်းပိုးသွားလိုက်ရသည်
'​တော်​တော်ရှုပ်တာပဲ Deanမြင်ရင် ဘယ်လိုရှင်းပြရမလဲ'

UntitledWhere stories live. Discover now