(Zawgyi)
J
ohnတည်းမယ့် Hotelထဲကိုရောက်တော့ Leoနဲ့ Louisထိုင်ပြီး ရယ်ရယ်မောမောနဲ့ စကားပြောနေတာကို တွေ့လိုက်သည်
Johnရဲ့ရင်ထဲ Truckကားဖြတ်မောင်းသွားသလို
ဗလောင်ဆူနေ၏
'သူတို့နှစ်ယောက်ကဒီနေ့မှ တွေ့တာ အဲ့လောက်ရင်းနှီးနေကြတာလား ကောင်လေးက ငါ့ရှေ့မှာဆိုတစ်ခါမှ မပြုံးဖူးဘူး အခုတော့ ပြုံးနေလိုက်တာ'LeoကLouisနဲ့ စကားပြောနေတုန်း Johnကိုတွေ့လိုက်ရသဖြင့် လန့်သွား၏
'Mr.Johnကငါ့ကို စူးစူးရဲရဲကြီးစိုက်ကြည့်နေတာပဲ OMG သူရပ်စောင့်နေတာလား'
" Leoဘာဖြစ်တာလဲ"
"ကျွန်တော့်ရဲ့ Bossလေ ခင်ဗျားဦးလေး ဟိုမှာ ကျွန်တော့်ကို ဒေါသထွက်နေတဲ့ပုံနဲ့ကြည့်နေတယ် သွားကြိုလိုက်ဦးမယ်"
"အာ Leoက ကြောက်နေတာပဲ ဦးလေးက ဘာမှမလုပ်လောက်ပါဘူး ကြည့်ရတာ ဆူပဲဆူမဲ့ပုံပါ( ̄∇ ̄)"
Louisစကားကြောင့် Leoပိုပြီးတောင်ကြောက်လာသည်
OK ကျွန်တော်က Mr.John ဒီအတိုင်းနေရင်တောင်ကြောက်နေရတဲ့သူပါနော်
Leoကြောက်ကြောက်နဲ့ Johnအနားကိုသွားလိုက်၏
Louisကတော့သူ့နောက်ကို လိုက်မလာဘဲထိုင်ကျန်ခဲ့သည်"ရောက်ပြီလား Boss ကျွန်တော် Bossအတွက် အခန်းကြိုယူထားပါတယ် Boss"
Leoစိတ်ထဲကတော့ Mr.Johnကြီးသူ့ကိုမဆူပါစေနဲ့
လို့ဆုတောင်းနေ၏ But သူ့ရဲ့ဆုတောင်းလေးကတော့ အငွေ့ပျံသွားသည်"မင်းငါ့ကိုရောက်ပြီလားဆိုပြီး Phoneတောင်ပြန်မဆက်ဘူး ငါရောက်တော့လည်း မင်းစကားပြောတာကိုရပ်စောင့်နေရတယ် ဘာအခုမှ ရောက်ပြီလားလဲ သွား Hotelဝန်ထမ်းဆီက ငါ့ suitcaseကိုမင်းဆွဲလာခဲ့ နောက်မှအပြစ်ပေးမယ်"
'အား သနားစရာ ငါ့ဘဝလေးရယ် Mr.Johnနဲ့ စတွေ့တည်းက အဆူခံနေရတာပဲ မျက်ရည်တောင် သုံးလေးစက်လောက်ကျချင်သွားပြီ (╥﹏╥)'
Johnကတော့ ထိုင်ရာကမထတဲ့ Louisကို မကျေနပ်တဲ့အကြည့်နဲ့ ကြည့်ဖို့မမေ့
Louisကတော့
'ဘာလဲ ငါလည်းဘာမှမလုပ်ဘဲနဲ့ ငါ့လာစိုက်ကြည့်နေတယ် ဟောဒီကတူလေးက ပြန်တောင်စိုက်ကြည့်ပေးလိုက်ဦးမယ်
အဟင်း ပြန်သာစိုက်ကြည့်ရတာ ဦးလေးကတော်တော်ချောတာပဲ ငါ့ကိုမကျေနပ်တာတွေ
သာမရှိရင်ပိုချောဦးမယ်
ဟွန့် အကြည့်လွဲမယ် ( ̄ヘ ̄)'