(Unicode)
Carterနဲ့စကားပြောနေခဲ့တာကြောင့် Deanအိမ်ပြန်ချိန်နည်းနည်းနောက်ကျသွားခဲ့တယ် Coffeeတစ်ခွက်တော့သောက်ထားပေမယ့် ဗိုက်ကဆာနေတာကြောင့် သူအိမ်ကိုအလောတကြီးပြန်မိတယ်
မထင်မှတ်ထားတာက သူ့အခန်းရှေ့မှာLuggageတစ်လုံးနဲ့ ရပ်စောင့်နေတဲ့လူတစ်ယောက်ကိုမြင်လိုက်ရတယ်
ဒီကောင်လေးကို ဒီနေရာမှာ ထပ်တွေ့ရမယ်လို့ သူထင်တောင်ထင်မထားဘူး"David မင်းက ဘာလို့ငါ့အခန်းရှေ့ရောက်နေပြန်တာလဲ ငါဘာမှ မှာမထားပါဘူး"
သူပြောတော့ Davidက အားနာနေတဲ့ပုံနဲ့ဖြေတယ်
တစ်ခါမှမတွေ့ဘူးတဲ့ ယဉ်ယဉ်ကျေးကျေးပုံစံလေးနဲ့"ကျွန်တော်အိမ်ငှားခမပေးနိုင်လို့ အိမ်ပိုင်ရှင်ကနှင်ချလိုက်တယ် အဲဒါ Jakeကိုလည်းအားနာလို့ ခင်ဗျားဆီကိုပဲလာအကူအညီတောင်းတာ"
Dean ဘာမှပြန်မပြောသေးဘဲ ခပ်တည်တည်အမူအရာနဲ့ တွေးနေတယ် 'ဟုတ်ပြီ သူကသူ့သူငယ်ချင်းJakeကိုအားနာတာလက်ခံတယ် ဒါပေမယ့် ငါ့ကိုရော အားမနာဘူးလား'
"ငါက မင်းကိုဘယ်လိုကူညီပေးရမှာလဲ"
သူမေးတော့ Davidရဲ့မျက်လုံးအရောင်တောက်သွားပြီး သူ့ကိုပြောတယ်
"ကျွန်တော် နေဖို့အိမ်ခန်းမရှာရသေးခင်အထိ ခင်ဗျားနဲ့နေလို့ရမလား??? ကျွန်တော်က ခင်ဗျားရဲ့ကျောင်းသားလေ ကျွန်တော့်ကိုကူညီမယ်မဟုတ်လား"
Deanမျက်မှန်ကိုပင့်တင်လိုက်ပြီး အနည်းငယ်တွေးတောလိုက်တယ် ဒီကလေးက မိဘတွေကလည်းရှိတာမဟုတ်ဘူး လမ်းပေါ်မှာလျှောက်သွားတာထက်သူ့အိမ်မှာနေခွင့်ပြုလိုက်တာက စိတ်ချရတယ်
"ဟုတ်ပြီ မင်းနေနိုင်တယ်"
Davidကိုခေါ်ပြီး Deanအိမ်ထဲဝင်လိုက်တယ် Davidကတော့ Luggageကိုဆွဲကာ သူ့နောက်ကလိမ်လိမ်မာမာလေးလိုက်လာတယ်
"ဒီတိုက်ခန်းမှာအိပ်ခန်းနှစ်ခန်းပဲရှိတယ် တစ်ခုကငါ့အိပ်ခန်း နောက်တစ်ခုကစာအုပ်စင်တွေလည်းရှိတော့နည်းနည်းကျဉ်းတယ် မင်းအိပ်လို့အဆင်ပြေပါ့လား "
သူ့အိမ်ကိုလှည့်ပတ်ကြည့်နေတဲ့ Davidက အသာအယာပဲခေါင်းငြိမ့်ပြလေတယ်
![](https://img.wattpad.com/cover/222725147-288-k68228.jpg)