(Unicode)
Leoအိပ်ရာနိုးတော့ ကြည့်လိုက်တော့ သူ့ခြေထောက်က Johnကိုခွထားပြီး လက်တွေကတော့ Johnကိုဖက်ထားသည်
'သွားပြီ Mr.Johnနိုးလာလို့ ဒေါသထွက်ပြီး ငါ့ကိုအပြစ်ပေးရင်ဘယ်လိုလုပ်ပါ့မလဲ'Johnမနိုးအောင်လို့ Leoကအသာလေး သူ့ခြေထောက်တွေလက်တွေကိုဖယ်ပြီး အိပ်ယာပေါ်ကထလိုက်သည် Johnနိုးနေလားဆိုပြီးတောင် တစ်ချက်ကြည့်လိုက်သည် မနိုးတာသေချာမှ ရေချိုးခန်းထဲပြေးသွားပြီး မျက်နှာသစ်တော့သည်
အိပ်ချင်ယောင်ဆောင်နေတဲ့ Johnက ပြုံးကျန်ခဲ့တာကိုတော့ Leoမတွေ့လိုက်
'ကောင်လေးကငါ့ကိုတကယ်ကြောက်တာပဲ'
**
Leoရေချိုးမျက်နှာသစ်ပြီးရေချိုးခန်းထဲကထွက်လာတော့ Johnက အိပ်ရာပေါ်မှာထိုင်နေသည်"Morning Boss ကျွန်တော် ဘာလုပ်ပေးရမလဲ"
" ငါမျက်နှာသစ်ဦးမယ် မနက်စာမှာထားလိုက်"
"ဟုတ်ကဲ့ Boss"
JohnသွားမှLeoကစိတ်သက်သာရာ ရနေတဲ့ပုံလေးနဲ့
'တော်သေးတယ် ငါဖက်အိပ်တာကိုBossမသိလို့
( ' ▽ ' ) ''ဟုတ်လို့လား Host'
'Key မင်းလည်းနိုးနေပြီလား'
'ဒါပေါ့ ကျွန်တော့်အိပ်ချိန်က ပုံမှန်သတ်မှတ်မထားဘူး
ညကတောင်ကြည်နူးစရာမြင်ကွင်းလေးကိုတွေ့လိုက်ရတယ်<( ̄︶ ̄)> ''ဘာဖြစ်လို့လဲ ညက'
Leoမေးတော့ Keyကတဟားဟားရယ်ပြီးဖြေ၏
'ဘာမှမဟုတ်ပါဘူး ကျွန်တော်ပျင်းလို့
movieကြည့်တာ အဲ့မှာ မင်းသားတစ်ယောက်ကအခြားမင်းသားကိုခိုးနမ်းနေတဲ့အခန်းလေး အရမ်းကြည်နူးဖို့ကောင်းတာ''လူကဖြင့်လက်တောက်လောက်နဲ့ အဲဒါတွေပဲကြည့်နေ'
Keyက သနားစရာလေသံလေးနဲ့
'ကျွန်တော်ကနမ်းတာလေးပဲကြည့်ရတာကို Hostကဘာတွေပြောနေတာလဲ''ထားတော့ ငါမနက်စာမှာရဦးမယ် outတော့'
'ဟင့် နှင်လွှတ်နေတာပဲ out p out p'
Keyသွားမှ Leo phoneဆက်ပြီးမနက်စာအတွက် မှာတော့သည် မနက်စာရောက်လာသည်အထိ Johnကရေချိုးနေတုန်းရှိသေးသည်