[Unicode]
Davidကျောင်းကနေParkerအိမ်တော်ကိုပြန်လာတော့ Deanကဧည့်ခန်းထဲကဆိုဖာပေါ်မှာ TVကြည့်ရင်းအိပ်ပျော်နေသည် သူ့ရဲ့လူကြီးလေးအိပ်နေတာအရမ်းချစ်ဖို့ကောင်းတာပဲလို့ Davidတွေးမိသည်
Deanရဲ့အနားကိုခြေသံခပ်ဖွဖွလေးသွားတော့ Deanကသူ့ကိုယ်လေးကိုပိုပြီးကွေးကာ အိပ်၏
ဒါပေမယ့်လည်း Davidသူ့ရှေ့ကို ဒူးတစ်ဖက်ထောက်ထိုင်ချပြီး သူ့ပါးလေးကိုလက်နဲ့ထိလိုက်တော့နိုးသွား၏"David~"
Deanကအိပ်ချင်မူးတူးအသံလေးနဲ့ Davidကိုခေါ်လိုက်သည်
"ထတော့ ညပိုင်းမအိပ်နိုင်ဖြစ်နေဦးမယ်"
Davidက Deanကိုအတင်းဆွဲထူပြီး ဘေးမှာထိုင်လိုက်သည် Deanကတော့ သူ့ခေါင်းကို Davidရဲ့ပခုံးပေါ်ချက်ချင်းမှီချလိုက်သည်
"မင်းတော်တော်ဆိုးတာပဲ ငါအခုထိအိပ်ရေးမဝသေးဘူး"
"ဆက်အိပ်လို့မရဘူး ရေချိုးပြီး ညစာစားရမယ်" Davidကအမိန့်သံနည်းနည်းစွက်ပြီးပြောလိုက်သည် DeanကDavidပြောပြီးပြီးချင်း Davidရဲ့ ပါးနှစ်ဖက်ကို သူ့လက်နှစ်ဖက်လုံးနဲ့အုပ်ကိုင်လိုက်သည်
"ကလေးလေး ငယ်ငယ်လေးနဲ့ အမိန့်ပေးတတ်နေပြီပေါ့လေ"
DavidကDeanရဲ့ လက်တွေကိုငြင်သာစွာဖယ်လိုက်ကာ Deanကိုသူ့ရင်ခွင်ထဲဖက်ထားလိုက်၏
"ကျွန်တော်က အသက်ငယ်ပေမယ့် ခင်ဗျားထက်ပိုပြီးရင့်ကျက်သလားလို့"
Deanကရင်ခွင်နွေးနွေးထဲမှာရှိနေတော့ ငိုက်မြည်းလာပြီး Davidပြောနေတာကို ပြန်ပြီးမချေပတော့ချေ Davidကသူ့နှာခေါင်းလုံးလုံးလေးကို ညစ်လိုက်တော့မှ အိပ်ငိုက်ပြေသွား၏
"မအိပ်နဲ့ပြောတာကို ခိုးအိပ်နေတယ်"
"ငါ့အပြစ်မပြောနဲ့ မင်းရင်ခွင်ကနွေးနေတာကိုပဲအပြစ်တင်"
Deanကရန်တွေ့လိုက်ပြီး အိမ်သာတက်ချင်လာတာကြောင့်ဆိုဖာကအလောတကြီးထသွားတော့သည် Davidကတော့သူ့ရဲ့ခပ်ဆိုးဆိုးအမူအရာလေးကြောင့် ရယ်ရင်းကျန်ခဲ့၏
![](https://img.wattpad.com/cover/222725147-288-k68228.jpg)