🧸 2 🧸

1.7K 176 13
                                        

* I want you to know that it's our time .. . .
You and me bleed the same light . . . *

သာထက် ရေချိုးပြီးထွက်လာတော့ အိပ်ယာပေါ်ပစ်တင်ထားတဲ့ ဖုန်းမှ Ringtone ကိုကြားလိုက်တော့ကောက်ကိုင်လိုက်လေသည်

" Hello သာရီး "

"ဟေ့ရောင် မင်းဘယ်မှာလဲ ငါတို့စောင့်နေတာကြာပြီ မလာသေးဘူးလား "

"အာ သာရီး ငါအခုလမ်းပေါ်ရောက်နေတာ လမ်းတွေပိတ်နေတာနဲ့ကွာ ခနစောင့် ရောက်တော့မှာ သာရီး ဒါပဲ့နော် "

သာထက် လိမ်ပြောပြီးတာနဲ့ ဖုန်းကိုချက်ချင်းချပစ်လိုက်သည်။ အဲလိုမှမပြောရင် အဲကောင်တွေအိမ်ထိလိုက်လာပြီးလာသတ်ကြမှာသိနေတယ် ။

အခုတော့ မြန်မြန် လုပ်မှရတော့မယ် ။ စာမေးပွဲးဖြေပြီးကတည်းက ပိုက်ဆံတွေပတ်နေရတာနဲ့ နောက်ကျသွားသည်

ကိုယ်တွေကနဂိုကတည်းကချောပြီးသားဆိုတော့လည်းသိပ်ပြင်စရာမရှိပါဘူး ။

သာထက်တစ်ယောက်ပြင်ပြီးဆင်ပြီးလို့တစ်ကိုယ်လုံးပေါ်မှန်ရှေ့မှာရပ်ပြီးတော့သူ့ကိုယ်သူကြည့်ကာ

" OH MY GOD ခန့်လိုက်တဲ့ငါလေးပါလား ချောလိုက်တာကွာ Lisa နဲ့ညားပြီးIUနဲ့လက်ထပ်ရမဲ့ရုပ်လေ ဟားဟား "

သူကိုယ့်သူချီးမွမ်းခန်းဖွင့်နေရင်းနဲ့ချိန်းထားတာကိုတောင်မေ့တော့မလို့

"Oh 9 နာရီတောင်ခွဲတော့မယ် ငါတော့ခွေးကောင်တွေလက်ကသေတော့မှာပဲ့ မြန်မြန်သွားမှ အခန်းထဲမှာရှိတဲ့ မိန်းမ အပေါင်းတို့ရေ ကိုယ်သွားတော့မယ်နော် Bye "

အဲလိုပြောလိုက်လို့သူ့ကိုအထင်မကြီးလိုက်ပါနဲ့ သူပြောတဲ့ မိန်းမအပေါင်း တို့ဆိုတာ သူ့အခန်းရဲ့ နံရံ မှာနေရာအပြည့်ယူထားတဲ့ Blackpink , Twice ,Red Velvet , IU တို့ကိုပြောချင်းဖြစ်ပါသည်။

ဟုတ်ပါသည် သူသည် Kpoper တစ်ယောက်ဖြစ်ပါသည်။တစ်ခါတစ်လေ မဆိုတတ်ဆိုတတ် နဲ့ Korean Song တွေအော်ဆိုလွန်းလို့ သူ့အမေလက်ကပြေးရပေါင်းလည်းမနည်းတော့ပါဘူး။ဒါပေမဲ့လည်းသူသည်ဆိုမြဲဆိုဆဲပါပဲ့ကွယ်။

__________________________

United States Of American

" Dad ကို ကျွန်တော် ပြောမယ် ကျွန်တော် သူကိုချစ်လဲမချစ်ဘူးလက်လည်းမထပ်နိုင်ဘူး Dad သူ့ကိုအဲလောက်တောင်သဘောကျနေရင်လည်း Dad ပဲ့ယူလိုက်တော့ ပြီးတော့ ကျွန်တော် ဒီအပတ်အတွင်း Myanmar ကိုပြန်မယ် "

 ဖူဂျိုရှီ များကြားကကျွန်ုပ်ဘဝ / ဖူဂ်ိဳရွီ မ်ားၾကားက ကြၽန္ုပ္ဘဝ / Donde viven las historias. Descúbrelo ahora