" Baby "
Jake က သာထက်လေး ရဲ့အိမ်ကိုရောက်တော့ အိမ်ထဲဝင်သွားကာဆိုဖာခုံပေါ်ထိုင်ကာဖုန်းသုံးနေတဲ့သာထက်ကိုတွေ့တော့လှမ်းခေါ်လိုက်သည်။
" ဟော ရောက်ပြီလား"
" အင်း သွားကြရအောင်လေ "
" အင်း သွားမယ်လေ မားရေ လူကြီးရောက်ပြီမို့သွားတော့မယ်နော် "
သာထက် ခုံပေါ်ကထလာရင်း မီးဖိုခန်းထဲကမားကိုလှမ်အော်ပြောလေသည်။
" အင်းအင်း သားJake လေး ရောစားပြီးပြီလား "
" ဟုတ် အန်တီ အပြင်ရောက်မှပဲ့ကလေးနဲ့အတူစားလိုက်ပါ့မယ် "
Jake ဆီက ကလေး ဆိုတဲ့နာမ်စားလေးကြောင့် မား မျက်နှာဟာပုံမှန်ထက်ပိုပြုံးလာသလို သာထက်မျက်နှာဟာလဲပုံမှန် ထက်ပိုရှုံ့မဲ့သွားလေသည်။
" အင်းပါ ကဲ သွားကြတော့လေ အပြန်နောက်ကျနေလိမ့်မယ် ပြီး သားရဲ့ကလေးလေးကိုလည်းဂရုစိုက်လိုက်အုန်းနော် "
မားရဲ့ပြုံးစစနဲ့ပြောလာတဲ့စကားကြောင့် Jake ကပြုံးသွားသလို သာထက်ဟာလည်းသူ့မားဘက်ကိုလှည့်ကာကပ်ကပ်လန်အောင်ရန်တွေ့လေသည်။
" မားနော် ဘာကလေး နဲ့ သားကလေးဟုတ်တော့ဘူး အသက်တောင်ပြည့်ပြီးပြီး "
" အင်းပါ အသက်ပြည့်ပြီး တဲ့ကလေးရဲ့ သွားကြတော့ "
မားကပြောတော့သာထက်လည်းပြန်ပြောမလို့ရှိသေးဟိုလူကြီးခေါ်လိုက်သောကြောင့်
" ကဲပါ ကလေးရယ် သွားကြရအောင် "
သာထက် ထိုလူကြီးကိုမျက်စောင်းထိုးကာ အပြင်ထွက်လာလိုက်သည်။
သာထက်ထွက်သွားတော့မှ Jake လည်းအန်တီဘက်လှည့်ကာနှုတ်ဆက်စကားဆိုသည်။
" အန်တီ ဒါဆို ကျွန်တော်တို့သွားလိုက်ပါအုန်းမယ် ဗျာ "
" အေးအေး သွားသွား ဂရုလည်းစိုက်ကြဦးနော် "
" ဟုတ် "
Jake ထွက်သွားတော့မှ မားတစ်ယောက်အားရပါးရပြုံးကာ
" အမယ်လေး ငါ့သမက်လေး က ယဥ်ကျေးလိုက်တာ "
__________