🧸 23 🧸

847 92 12
                                    

[ ✨ UNI ✨ ]

"  လူကြီး  "

" ကလေး  ခန ခနအဲမှာရပ်နေကိုယ်လာခေါ်မယ် "

လှေကားထိပ်ကနေ ဖန်ခွက်လေးကိုကိုင်ပြီးအောက်ဆင်းလာမလို့လုပ်နေ့သည်ဗိုက်ကလေးကြောင့်အမြန်တားယူရသည်။

မတော်လို့ ခြေချော်ရင်ဘယ်လိုလုပ်မလဲ . . .

" ကိုယ့်ဘာသာဆင်းနိုင်ပါတယ်လူကြီးကလဲ "

" ဆင်းနိုင်လည်းမဆင်းရပါဘူး ကိုယ့်ကိုယူထားတာဘာလုပ်ဖို့လဲ "

ပွေ့ချီရင်းပြောလာသည့်လူကြီး . . .

" ဟွန့် "

အကဲပိုနေသည့်လူကြီးကို နှာခေါင်းရှုံ့လိုက်သည် ။

"  ရေသောက်ချင်လို့လား ကိုယ့်ကိုခေါ်လိုက်လို့ရတာပဲ့ကို "

" လူကြီး အလုပ်ရှုပ်နေမှာစိုးလို့ပါ  ပြီးတော့ လိမ္မော်သီးလည်းကုန်သွားပြီ "

" ကိုယ့်အတွက် ဘယ်အရာကမှ ကလေးလောက်အရေးမကြီးဘူး  ဒါကြောင့် နောက်ခါကျဘာပဲ့လုပ်လုပ်ကိုယ့်ကိုပဲ့ခေါ်လိုက်နော် တစ်ယောက်တည်းလုပ်မနေနဲ့ ဟုတ်ပြီလား "

" ဟုတ်ကဲ့ပါဗျာ "

/ တင်း တောင် /

" ဘယ်သူပါလိမ့် "

" မသိဘူး ကိုယ်သွားဖွင့်ကြည့်မယ် ကလေးကဒီမှာထိုင်နေနော် "

" ဟုတ် "

ဗိုက်လုံးလုံးကလေး ကိုပွေ့ကာ ဧည့်ခန်းထဲကဆိုဖာပေါ်ထိုင်စေပြီး ရေခဲသေတ္တာထဲမှာရှိတဲ့ လိမ္မော်သီးတွေကိုယူပေးပြီးနောက် တံခါးသွားဖွင့်ပေးတော့

" အော်  ညမလေးတို့ပါလား "

" ဟုတ် အကိုကြီး ဗိုက်ဗိုက်ဆီလာတာ  လိမ္မော်သီးလည်းဝယ်ခဲ့တယ် "

" ဟုတ်ပါပြီဗျာ ကဲ ဝင်လာကြ "

အစုံအလင်ရောက်လာကြသည့်ကလေးသူငယ်ချင်းတစ်အုပ် ကီကီ ကထိပ်ဆုံးကနေဝယ်လာသည့်  လိမ္မော်သီးထုပ်ကိုမြှောက်ပြတော့ Jake ရယ်သည်။

ကလေးငယ်သည်ကိုယ်ဝန်စရကတည်းကလိမ္မော်သီးတွေကိုတအားစားလာသည်။

 ဖူဂျိုရှီ များကြားကကျွန်ုပ်ဘဝ / ဖူဂ်ိဳရွီ မ်ားၾကားက ကြၽန္ုပ္ဘဝ / Donde viven las historias. Descúbrelo ahora