[ ✨ UNI ✨ ]
" ဘေဘီလေး ထတော့လေ "
" ... "
" ဘေဘီ ကလေး ပါပါးပေါက်လေးရေ "
" အင်းး ဘယ်လိုဖြစ်နေတာလဲ ~ "
အေဆေးအိပ်နေတာကိုလျှောက်လိုက်နမ်းနေသည့်လူကြီး၏မျက်နှာကိုတွန်းထုတ်ပြီးစောင်ထဲပြန်တိုးဝင်ကာဆက်အိပ်လေတော့ . . .
" ပါပါးပေါက်လေး ထတော့ ဘေဘီလေးတို့ကိုသွားကြိုရဦးမှာလေ "
" ဖယ် ခင်ဗျာညကလုပ်ထားတာနည်းနည်းလေးမဟုတ်ဘူးနော်သွားကြိုဖို့နေနေသာသာရပ်လို့တောင်ရဦးမလားမသိဘူး "
" ကလေးကလည်း အဲလောက်လည်းမဟုတ်ပါဘူး "
" ခင်ဗျာ ခံရတာမှမဟုတ်တာဘယ်သိမလဲ ကလေးတွေကိုသွားကြိုလာခဲ့ ကျွန်တော်အိပ်ဦးမှာ "
" ဟုတ်ပါပြီ သခင်လေးရာ ဆက်အိပ်ပါဗျ "
မျက်နှာလေးရှုံမဲ့ကာဆက်အိပ်နေသည့် သခင်လေးရဲ့ပါဖောင်းဖောင်းလေးကိုငုံ့နမ်းပြီးရေချိုးခန်းထဲဝင်သွားလိုက်သည်။
ပြီး ဘေဘီပေါက်လေးတွေကိုကြိုဖို့ပြင်ဆင်သည်။
___________________
" ဟိန်း မြန်မာပြည်ပြန်တော့မှာဆို "
" အင်း "
" ဝတီလည်းလိုက်မယ်လေ "
" ကျစ် ဘာလိုက်လုပ်မှာလဲ "
ရဲဟိန်းအောင် ကပြောတော့ ထိုကောင်မလေးသည်ချစ်ဖို့ကောင်းအောင်စူပုတ်ပြီး
" ဟိန်းကလည်း ဟိန်းသွားတော့ဝတီတစ်ယောက်တည်းကျန်ခဲ့မှာပေါ့ "
" စိတ်ပျက်လိုက်တာ မင်းမှာအလုပ်မရှိတော့ဘူး ငါတွေ့ဖူးသမျှဆရာဝန်တွေထဲမှာမင်းတစ်ယောက်အာယားဆုံးပဲ့ "
" ဟိန်းကလည်း "
ထို ဝတီဖူး ဆိုသည်ဆရာဝန်မလေးသည် လွန်ခဲ့သောသုံးနှစ်ခန့်ကတည်းကရဲဟိန်းအောင်ကိုလိုက်ရှုပ်နေတာအခုအချိန်ထိပါပဲ့ ။
ထိုဆရာဝန်မလေးနဲ့ဘယ်လိုသိလဲဆိုတော့ . . . .
လွန်ခဲ့သော သုံးနှစ် ရဲဟိန်း လန်ဒန် ကိုရောက်ပြီးနှစ်ပတ်အကြာမှာ အက်ဆီးဒင့်အကြီးအကျယ်ဖြစ်ပြီး ဆေးရုံးပေါ် ၆ လခန့်နေခဲ့ရသည်။