[ 🍑 UNI 🍑 ]
Jake ဖုန်းချပြီးနောက် ညဝတ်ဘောင်းဘီအရှည် တစ်ထည်ပဲ့ဝတ်ပြီး ကုတင်ပေါ်မှာကားကားယားယားလေးအိပ်နေတဲ့ သာထက် ဘေးတွင်အသာလေးဝင်ထိုင်လိုက်သည်။
ပါစပ်လေးဟကာ အိပ်မောကျနေတဲ့ ကလေးငယ်ကိုတစိမ့်စိမ့်ထိုင်ကြည့်ရင်း နှဖူးပေါ်ဖြာကျနေတဲ့ ဆံပင် လေးတွေကိုသပ်တင်ပေးကာ နှဖူးကိုဖွဖွလေးငုံ့နမ်းလိုက်သည်။
လည်တိုင်းဖွေးဖွေးလေးနှင့်ရင်ဘတ်ဖြူဖြူလေးပေါ်သို့အမှတ်အသားလှလှလေးတွေအမြောက်အများကိုတံဆိပ်ခတ်လိုက်သည်။
ပြီးနောက် ကလေးငယ်ကို အသာလေးပွေ့ဖက်ရင်းလှဲကာဝင်အိပ်လိုက်သည်။
______
" အိုက်ယားးးးးးးး အိပ်လို့ကောင်းလိုက်တာ "
အိပ်ယာကနိုးတာနဲ့ မျက်လုံးမဖွင့်ဘဲအကြောဆန့်ကာ ပြောလာတဲ့ အကောင်ပေါက်လေး သာထက်
အကောင်ပေါက်လေးကို ပြုံးပြုံးကြီးထိုင်ကြည့်နေတဲ့ အကောင်ကြီးကြီး Jake
" Morning နိုးပြီလား Honey "
" . . . . . . "
" အား!!!!!!!!!!!! ခင်ဗျာ ဘာလို့ကျွန်တော်ကုတင်ပေါ်ရောက်နေရတာလဲ ပြီးတော့ ခင်ဗျား ဘာလို့ကိုယ်တုံးလုံးဖြစ်နေရတာလဲ !! "
သာထက် သူ့ဘေးမှ ကိုယ်တုံးလုံးကြီးနဲ့ စာထိုင်ဖတ်နေတဲ့ Jake ကြောင့် မျက်လုံးနှစ်ဖက်ကိုလက်နဲ့ကာပြီး အသာကုန်အော်ဟစ်ကာ ကုတင်းပေါ်မှကန်ချနေလေသည်။
တကယ်တော့ Jake ကကိုယ်တုံးလုံးမဟုတ်ပါဘူး ။ အပေါ်ပိုင်းပဲ့ အကျီမရှိတာပါ အောက်ပိုင်းကိုစောင်နဲ့ဖုံးထားတာမလို့ သောက်ကလေးကမသိဘဲသူ့ဘာသာမြင်ချင်ယာမြင်ပြီး ဇွတ်အော်နေတာပါ ။
" အား ကလေး ဘာလို့ကန်တာလဲ "
" ခင်ဗျာ ဘာလို့ကျွန်တော်ကုတင်ပေါ်ရောက်နေရတာလဲ ခင်ဗျား ကျွန်တော်ကိုဘာလုပ်လိုက်သေးလဲ နှာဗူကောင် လူယုတ်မာ အကျင့်မကောင်းတဲ့ကောင်ကြီး ခင်ဗျား ကို မားနဲ့တိုင်ပြီးတရားစွဲးပစ်မယ် !!!"
