[ 🌚 UNI 🌚 ]
A / N - အသက်မပြည့်သေးရင်ပြန်လစ် 👍🏿
[ ကျွန်မဒီအပိုင်းကိုရေးပြီးတာကြာပြီအဲတာကိုလေကျွန်မတို့အိမ်ကဝိုင်ဖိုင်ကြီးဟာဆိုရင်ဖြင့် ဖုန်းခွမ်း ဆိုပြီးပျက်ထွက်သွားတာလေ အဲတာနဲ့ ဝိုင်ဖိုင်ရုံးကအဆင်လေးတွေကိုခေါ်ပြီးပြင်ခိုင်းထားတာ ဒီနေမှပြန်ရတယ် အဲတာကြောင့် အရှည်ကြီးဖြစ်အောင် ရေထားတာကိုထပ်ရေးပြီးတင်ပေးလတ်ပါတယ်ရှင့် ]
{ ကျေးဇူးတင်ပါတယ်ရှန် }
__________________
" သာထက် မင်းတို့လင်လင်နှစ်ယောက်မှာဘယ်သူအောက်လဲ "
" အမယ်လေး မင်းခန့်ရယ် မင်းကလည်းတုံးလိုက်တာ ဒါမျိုးကမေးစရာလိုသေးလို့လား သေချာပေါက် သာထက် ပဲ့ပေါ့ "
မင်းခန့်မေးလိုက်သည့်စကားကို သာထက်ကမဖြေရသေးဘဲ အိမ့်ဖူးကဝင်ဖြေလိုက်တော့ သာထက် အိမ့်ဖူးကိုမျက်စောင်းလှမ်းထိုးလိုက်သည်။
အထင်သေးလှချည်လား ....
" ဒီမှာ ငါကဘာလို့အောက်ရမှာလဲ ငါကအဖြောင့်နော် အေး ဂေးသွားပြီဆိုရင်တောင် အောက်တော့လုံးဝမဆင်းဘူးကွ ဟေ့ရောင်တွေ "
အာလေးလျှာလေးနဲ့ပြောလာသည့် အမူးသမားလေးသာထက်
" အမယ်လေး သာထက် ရယ် မင်းခန္ဓာကိုယ်နဲ့ မင်းလင်ခန္ဓာကိုယ်ကိုလည်းယှဥ်ကြည့်ပြီးမှပြောစမ်းပါဟယ် "
" အေးလေ "
" ဟေး ခန္ဓာကိုယ်သေးတယ်ဆိုတိုင်းအထင်မသေးနဲ့ဟေ့ကောင်တွေ ငါ အဲလူကြီးကို တစ်ပတ်အတွင်းဗိုက်ကြီးသွားအောင်တောင်လုပ်နိုင်တယ်ကွ "
သာထက် ၏ လေကြီးမိုးကြီးစကားသံတွေကိုကြားလိုက်ရသော သူငယ်ချင်းများသည် အသက်ထွက်မတတ်ဝိုင်းရယ်ကြလေတော့သည်။
" ခွီးးးး အေးပါ ကြည့်ကြသေးတာပေါ့ ဟားဟား "
" မရယ်နဲ့ !! "
" ဟွန့် . . . "
ဆက်ရယ်နေကြသူများကိုပစ်ထားခဲ့ပြီး သူများကိုရယ်စရာဖြစ်အောင်လုပ်တဲ့ ဘဲကြီး ဆီသို့ယိုင်နဲ့နဲ့လျှောက်သွားကာ ပိတ်ထိုးနေလိုက်တော့သည် မျက်စောင်းနဲ့