🧸 18 🧸

892 102 5
                                    

[ 🦋 UNI 🦋 ]


ပြောရင်းဆိုရင်းရောက်ချလာတဲ့အကိုကောင်းထက်ကြောင့် ရဲဟိန်းကြီး ရဲ့မျက်နှာဟာဆိုရင်ဖြင့်မျောက်အုန်းသီးရသွားသလိုဖြစ်သွားပြီး

အနောက်က မဒီချောလေး ကိုမြင်လိုက်ရတဲ့အချိန်မှာ ရဲဟိန်းမျက်နှာက ကြက်မကြီးလင်လုခံလိုက်ရသလို မျက်နှာဖြစ်သွားလေသည်။

ထို မဒီ ချောလေးဟာဆိုရင် အဖြူရောင် T shirt ကို ဂျင်းဘောင်းဘီအမဲရောင် နဲ့တွဲဝတ်ထားပြီး အသားရောင်ကုတ်အရှည်ကိုပါလိုက်ဖက်စွာဝတ်ဆင်ထားပါသေးသည်။

အဖြူရောင်ဆံနွယ်လေးတွေကို ခပ်မြင့်မြင့်စည်းနှောင်ထား ပြီး နေကာမျက်မှန်တလက်ကိုပါဟန်ပါပါတပ်ထားပုံက တကယ့်ကိုနန်းဆန်လှပါသည်။

သူမအရပ်အမြင့်က ၅ ပေ ၉ လောက်ရှိပြီး သာထက် ထက်တောင်အရပ်မြင့်ပုံရသည်။

ငါ့ကိုကိုနားမှာဘယ်သူလဲကွ . . .

" ကိုကို !!! "

ကောင်းထက် သူ့ဆီကိုအာပြဲကြီးနဲ့အော်ပြီးပြေးလာတဲ့အကောင်စုတ်ကြောင့် ရှက်ကာမျက်နှာနုနုလေးဟာချက်ချင်းနီမြန်းသွားရသည်။

ခွေးကောင် ငါ့ကိုသောက်ရှက်ခွဲနေတာလားဟ. . .

" အင့် ဟေ့ကောင် !!! ဖယ်စမ်း "

သူ့ကိုအရှိန်နဲ့ပြေဖက်လေတော့လူက အင့် ခနဲဖြစ်သွားကာ ချက်ချင်းပြန်တွန်ဖယ်တော့မလွှတ်ပေးဘဲတိုးကာတိုးကာဆက်ဖက်လေသည်။

ဒီကောင် ဘာဖြစ်နေတာလဲကွ . . .

" ကိုကို အရမ်းနောက်ကျတယ် ကျွန်တော်စောင့်နေတာကြာပြီ "

" ဖယ်စမ်း မင်းကိုဘယ်သူကစောင့်ခိုင်းလို့လဲ "

" ကိုကိုကလည်း "

" ဖယ် "

" ဟုတ် "

ချက်ချင်းအပိုးကျိုးကာဖယ်ပေးလာတဲ့အကောင်ကိုမျက်စောင်းထိုးကာချန်ခဲ့ပြီး  အနောက်က

 ဖူဂျိုရှီ များကြားကကျွန်ုပ်ဘဝ / ဖူဂ်ိဳရွီ မ်ားၾကားက ကြၽန္ုပ္ဘဝ / حيث تعيش القصص. اكتشف الآن