ညက သာထက် တို့တစ်အုပ် 1 နာရီလောက်ထိကဲပြီးမှ အိမ်ပြန်ခဲ့ကြသည်။ဝေယံ နဲ့ ဇေယျာကတော့အတူတူပြန်သွားပြီး သာထက် ရယ် ရဲဟိန်းအောင် နဲ့ မင်းခန့် ကိုကျတော့ အကီမတို့ သုံးယောက်ကအိမ်တိုင်ရာရောက်လိုက်ပို့ပေးခဲ့သည်။
ဘာလို့လဲဆိုတော့ သူ့တို့ရဲ့ဝမ်းမနာသားလေးတွေကိုစိတ်မချလို့ပါတဲ့ ကွယ်။
_________________________
11 : 56 AM" အားလားလား ခေါင်ကိုက်လိုက်တာ "
အိပ်ယာထထခြင်းခံစားလိုက်ရတဲ့ဝေဒနာကြောင့် အိပ်ယာထချင်စိတ်တောင်ပျောက်သွားလေသည်။ဒါပေမဲ့သူဆက်မအိပ်ချင်တော့ပါ ဘာလို့လဲဆိုတော့ သူ့၏ဝမ်းဗိုက်အတွင်းမှအသံပေါင်းစုံကြားနေရခြင်းကြောင့်ဖြစ်လေသည်။
ထိုနောက်တစ်ကိုယ်ရေသန့်ရှင်းရေးလုပ်ပြီးမနက်စာစားရန်အတွက်အောက်ကိုဆင်းလာခဲ့လေသည်။
မှတ်ချက် / အမောင်သာထက်သည် အခုချိန်ထိနာရီမကြည့်ရသေးပါ...
" မား မနက်စာဘာချက်လဲ "
အောက်ကိုရောက်တာနဲ့ ပထမဆုံး မြင်လိုက်ရတာကတော့ ဧည့်ခန်းထဲတွင် ဆိုဖာပေါ်၌ထိုင်ပြီး TV ကြည့်နေတဲ့အမေဖြစ်သူနဲ့အမဖြစ်သူ အမ ဒီနေ့ Coffee ဆိုင်မသွားဘူးထင်ပါရဲ့ ....
" အမယ်လေး မောင်တော်ရယ် နိုးလာတော်မူပြီပေါ့ အချိန်ကိုလည်းကြည့်ဦး မနက်စာစားချိန်လားဆိုတာကို "
မားပြောလိုက်မှ နံရံမှာကပ်ထားတဲ့ နာရီကြီးကိုကြည့်မိတော့သာထက် မျက်လုံးပြူးသွားရသည်။
" ၁၂ နာရီတောင်ခွဲတော့မယ် ဘုရားရေ ငါဘယ်လိုတွေတောင်အိပ်လိုက်တာပါလိမ့် "
"အခုမှ ဘုရားရေ လုပ်မနေနဲ့ လာနှိုးတုန်းကကျမထဘဲနဲ့ မနက်စာလည်းမရှိတော့ဘူး နေ့လည်စာလည်းကုန်ပြီ"
မမ ပြောလိုက်တဲ့စကားကိုကြားလိုက်တော့ သူငိုပါငိုချင်သွားလေသည်။
" ဟင့် မား ဘာလို့ နေ့လည်စာပါကုန်သွားရတာလဲ သားဗိုက်ဆာလို့သေတော့မှာပါဆို "
ဗိုက်ဆာနေတဲ့အချိန်မှာ ဘာစားစရာမှမရှိဘူးဆိုတော့ သာထက်တစ်ယောက်ငိုချမိတော့မလိုဖြစ်နေလေသည်။
