🧸 28 🧸

757 82 4
                                        

[ ✨ UNI ✨ ]

" အခုပြန်လိုချင်တယ် "

" ဘာ ?? "

ကောင်းထက် ထိုလူပါးဝနေတဲ့အကောင်ပေါက်ကို ဖြတ်ရိုက်ချင်စိတ်ထိန်းထားရသည်။

" အခု ငါမှာပိုက်ဆံပါမလာဘူး "

တည်တည်ငြိမ်ငြိမ်နဲ့ပြောလိုက်တော့ မျက်နှာရူးကောင်က

" သိတယ်လေ "

သိရင်ဘာလို့လာပြောနေသေးလဲသေနာစုတ်ရဲ့ !!!

"  ဟို ဟို အကိုတို့ကျွန်တော် ဆိုင်ပိတ်ရတော့မှာမို့ "

အရောင်းကောင်လေးသည် မျက်နှာငယ်လေးပြောလာသည်မို့ ကောင်းထက်

" အား ဆောရီ ဆောရီ ညီ အကိုတို့အခုပဲ့ပြန်တောမှာ "

" ဟုတ်ကဲ့ အကို ကောင်းကောင်းသွားပါဗျာ "

ကောင်လေးသည် ယဥ်ကျေးပျူငှာစွာနှုတ်ဆက်သည်။ ကောင်းထက်လည်း သူရဲ့များပြာစွာသောအထုပ်များကိုမနိုင်မနင်းဆွဲပြီး

" အိမ်လိုက်ခဲ့ "

မျက်နှာရူးကောင်ကို လှည့်မကြည့်ဘဲပြောကာထွက်လာလိုက်သည်။

အရင်ထွက်လာတာကကောင်ထက်ဆိုပေမဲ့ အပြင်အရင်ရောက်သွားတာကရဲဟိန်းအောင်

အထုပ်တွေဆွဲကူးရမယ်ဆိုတာကိုမသိဘူးလား နည်းနည်းလေးမှမရင့်ကျက်သေးတဲ့အကောင်ပဲ့ ..

ကောင်းထက် ကမကျေမနပ်ဖြစ်ကာပွစိပွစိပြောပြီးအပြင်ထွက်လာသည်။

" ဘယ်ရောက်သွားတာလဲ "

အပြင်ရောက်တော့ ရဲဟိန်းအောင် ကိုမတွေ့တာမို့ဘယ်ကြည့်ညာကြည့်ပြီးလိုက်ရှာနေမိသည်။

" ဟင်းးး  ထားပါတော့ ငါကဘာတွေလိုက်မျှော်မှန်းနေတာလဲ "

ကောင်းထက်စိတ်ပျက်လက်ပျက်ဖြစ်ကာ လမ်းလျှောက်ပြီးပဲ့အိမ်ပြန်လာလိုက်တော့သည်။

________

"  အမယ်လေး  ဘယ်တော့မှရောက်မှာလဲ ငါဒီလောက်အဝေးကြီးကိုဘယ်လိုတောင်လျှောက်လာခဲ့တာပါလိမ် အာ "

တော်တော်လေးလျှောက်လာပြီးသည်အထိကိုမရောက်နိုင်သေးတာမို့ ကောင်းထက်ညီးညူးနေတော့သည်။

 ဖူဂျိုရှီ များကြားကကျွန်ုပ်ဘဝ / ဖူဂ်ိဳရွီ မ်ားၾကားက ကြၽန္ုပ္ဘဝ / Where stories live. Discover now