Jake မြန်မာကိုရောက်နေတာအခုဆိုရင် ၁ လလောက်ရှိနေပြီဖြစ်သည်။ ပြီးတော့ ကလေးငယ်နဲ့လည်း အရင်ကထက်ပိုအဆင်ပြေနေပါပြီ ။ ဒါမဲ့ ထိုကလေး သူ့ကို အမြင်မကြည်တာတော့သိသည်။ ဘာလို့အမြင်မကြည်လဲမေးတော့
" ခင်ဗျားကြီးကကျုပ်ထက်အရပ်ရှည်တော့ ခင်ဗျာကြီးနဲ့အတူသွားတိုင်းလူတွေကခင်ဗျာကြီးကို Seme လို့ထင်ပြီး ကျုပ်ကို Uke လို့ထင်ကုန်ကြပြီလေ "
တဲ့လေ ကလေးငယ်ပြောတဲ့ ဆဲမဲ တွေ အုခဲ တွေကဘာကိုဆိုလိုလည်းသူလည်းနားမလည်းတော့ပါ။
သူ့ရဲ့ အမေရိကန် မှာရှိတဲ့ လုပ်ငန်းတွေကိုတော့ မြန်မာနိုင်ငံကနေ ဦးစီးသည်။ သူ့အတွက်ဒါက ခက်ခဲတဲ့ ကိစ္စ မှမဟုတ်ဘဲ ။
" Boss "
အိမ်အောက်မှာထိုင်ပြီး အလုပ်လုပ်နေစဥ် အတွင်းရေမှုး၏ခေါ်သံကြောင့် မော့ကြည့်ကာအသံပြုပြီး သူအလုပ်သူပြန်လုပ်နေလေသည်။
" အင်း "
" ဟို ကျွန်တော်တစ်ခုလောက် တောင်းဆိုချင်လို့ပါ "
" အင်း "
" ကျွန်တော် အိမ်ခနပြန်လို့ရမလား ဗျ "
အတွင်းရေမှူး ၏ပြောစကားကြောင့် သူ ဒုတိယအကြိမ်ပြန်မော့ကြည့်မိသည်။
" ဘယ် အိမ်ကိုလဲ "
" ဟို ဒီမှာကျွန်တော့်အဖွားနဲ့နေခဲ့တဲ့ အိမ်ကိုပြောတာပါဗျ မရောက်ဖြစ်တာကြာပြီဆိုတော့ "
" အစကတည်းကပြောရောပေါ့ မင်းအိမ်မင်းပြန်တာပဲ့ ခွင့်တောင်းဖို့မလိုဘူး ပြီးငါဒီမှာကြာဦးမယ်ထင်တာပဲ့ နောက်လိုက်တွေပြန်လွှတ်လိုက်တော့ "
" ဟုတ်ကဲ့ Boss ကျေးဇူးတင်ပါတယ် "
ကောင်းထက် က Boss ကိုနှုတ်ဆက်ပြီးနောက် သူတို့တည်းနေတဲ့ Hotel ကိုပြန်လာကာ နောက်လိုက်တွေကိုပြန်လွှတ်လိုက်ပြီးနောက် သူလည်းသိမ်းစရာရှိတာသိမ်းပြီးနောက် သူ့နဲ့အဘွား တို့နေခဲ့သည့်အိမ်လေးဆီးသို့ ဦးတည်လာခဲ့သည်။
Jake လည်းကောင်းထက်ထွက်သွားတော့မှအလုပ်ဆက်လုပ်မို့ပြင်တုန်းဖုန်းမြည်သံကြောင့် ဖုန်းကိုကောက်ကိုင်လိုက်တော့ ယောက္ခမလောင်း ဆီကဖြစ်နေလေသည်။