[ 🌶 UNI 🌶 ]
" အားးးးး ပင်ပန်းလိုက်တာ "
သာထက် အိမ်ပြန်ရောက်တာနဲ့ ကုတင်ပေါ်ခုန်တက်ကာပက်လက်လှန်အိပ်ရင်း ငြီးငြူးနေလေသည်။
" ကလေး ရေအရင်ချိုးလေ ပြီးမှအိပ် "
" သိတယ် အမိန့်လာပေးမနေနဲ့ "
" ဟော် ဘယ်မှာပေးလို့လဲ "
သာထက် ကုတင်ပေါ်ကထပြီး ရေချိုးခန်းထဲပြေးဝင်ကာမြန်မြန်ဆန်ဆန် ရေချိုးလိုက်သည်။
အရမ်းပင်ပန်းတယ် အိပ်ချင်ပြီ ။
သာထက် ရေချိုုးနေစဥ် Jake ကတော့ကုတင်ပေါ်မှာထိုင်ရင်းအလေးအနက်ကိုတွေးတောနေလေသည်။
ဘာတွေးလဲဆိုတော့ အင်းးးးး " ဘယ်နှချီလုပ်ရင်ကောင်းမလဲ " ဆိုပြီးတော့လေ . . . . .
" အားးး ရေချိုးရတာကောင်းလိုက်တာ "
" ခင်ဗျားဝင်ချိုးလို့ရပြီး "
" အင်း ကလေး ဒါနဲ့ မအိပ်ခင် စာပွဲပေါ်တင်ထားတဲ့နွားနို့လေးကုန်ကောင်သောက်လိုက်နော် "
" ဟမ် နွားနို့ ကဘာလို့မို့လဲ မသောက်ချင်ပါဘူး "
" မသောက်လို့မရဘူး ကလေးကအရမ်းပိန်ပြီးသေးလွန်းတယ် အဲဒါကြောင့် နည်းနည်းလောက်ထွားပြီးအားရှိလာအောင်လို့လေ သောက်လိုက်နော် "
" ပြီးရောဗျာ အိပ်ချင်ပါတယ်ဆိုနေ "
သာထက် ပုခုံးပေါ်တင်းထားတဲ့ တဘက်ကို အခန်းအတွင်းမှာထားထားတဲ့ဆိုဖာပေါ်ပစ်တင်ကာ စာပွဲပေါ် မှာတင်ပေးထားတဲ့ နွားနို့ ပူပူနွေးနွေးလေးကို မှုတ်ပြီးဖြည်းဖြည်းချင်းသောက်လိုက်သည်။
အင်းးး နွားနို့သောက်လို့ကောင်းပါတယ် ဆေးအရသာလေးနည်းနည်းလောက်ပါနေတာကလွဲလို့ပေါ့။
အိပ်ချင်နေပြီမို့လို့ စကားတွေပြောမနေတော့ဘဲ အနည်းငယ်မျှကျန်နေတဲ့နွားနို့ခွက်လေးကိုမော့ကာသောက်ပစ်လိုက်ပြီး ကုတင်ပေါ်တက်ကာအိပ်လိုက်တော့သည်။
