သာထက်လေးတို့ပြန်သွားပြီးတဲ့နောက် Jake လည်းအမေ့ကိုနှုတ်ဆက်ပြီးအခန်းထဲသို့ဝင်သွားလေသည်။
အခန်းထဲရောက်တော့ အတွင်းရေးမှုးဖြစ်သူဆီကို ဖုန်းဆက်ပြီး
" Hello ကောင်းထက် ငါ့ အတွက် ကားတစ်စီး စီစဥ်ပေးထား မနက်ဖြန်သွားစရာရှိတယ် "
အတွင်းရေးမှုးဖြစ်သူကို မှာစရာရှိတာမှာပြီး ဖုန်းကိုပိတ်ကာ အိပ်ယာကုတင်ဘေးကစာပွဲပေါ်ကိုတင်လိုက်သည်။
ပြီးနောက်သူလည်း ရေချိုးခန်းထဲဝင်ကိုယ်လက်သန့်စင်ပြီး အိပ်ယာပေါ်တက်ကာမြန်မြန်အိပ်ဖို့ကြိုးစားလိုက်သည်။
သူမနက်ဖြန်ရောက်ချင်လှပြီမလို့လေ .....
________________________________________
8 : 00AMသာထက်လေး တစ်ယောက်ဒီနေ့ ထူးဆန်းစွာဖြင့်အစောကြီးနိုးနေလေသည်။
ဟုတ်သည်လေ 8 နာရီ ဆိုတာသူများတွေအတွက်အလုပ်သွားချိန် ကျောင်းတက်ချိန်ဆိုပေမဲ့ သာထက်လေးအတွက်ကတော့ အိပ်မက်မက်လို့ကောင်းတုန်းပါပဲ့ ။
သာထက်လည်းဆက်မအိပ်ချင်တော့တာနဲ့ ရေမိုးချိုး အဝတ်အစားလဲပြီး အကီမ တို့ဆီဖုန်းဆက်လိုက်လေသည်။
" Hello "
" Hello ဘယ်သူပါလဲ "
တစ်ဖက်ကပြန်ပြောတဲ့စကားကြောင့် သာထက် ဖုန်းကိုပြန်ကြည့်ပြီး Contact name ကိုပြန်ဖတ်မိသည်။Name ကတော့ ကီကီ လို့ရေးထားတာပါပဲ့ ။
" အကီမ နင် ငါ့ Ph no ကိုတောင်မမှတ်ထားဘူးလား "
" အယ် သာထက်ပဲ့လား "" အေး ငါမဟုတ်လို့ဘယ်သူဖြစ်ရမှာလဲ "
" မဟုတ်ပါဘူး ဒီအချိန်ကြီးဆက်တာဆိုတော့ အရင်ကဆို ၁ဝ နာရီထိုးတဲ့အထိတောင်မထဘဲသေနေတဲ့ကောင်က စောစောစီးစီးဖုန်းဆက်တယ်ဆိုတော့ နည်းနည်း အံ့သြသွားလို့ပါ "
" အကီမ နင်နော် ငါ့ကိုဆိုပြောဖို့ကြီးပဲ့ ထားတော့ နင်တို့ ယ်မှာလဲ "
" ငါတို့စားနေကြဆိုင်မှာပါပဲ့ "
" အေး ငါလာခဲ့မယ် ဒါပဲ့နော် "
" အင်း "
ဖုန်းချလိုက်ပြီးနောက် သာထက် Sunglasses ကိုတက်လိုက်ပြီး ဖုန်း ရယ် ကဒ် နဲ့ ကားသော့ ကိုယူပြီး အောက်ထပ်ကိုဆင်းလာလိုက်သည်။
