🧸 13 🧸

940 104 7
                                    

[  🍭  UNI  🍭  ]

" ဝါး. . . . . ဒါအကို့အိမ်လား အရမ်းအရမ်းချစ်ဖို့ကောင်းတာပဲ့ တစ်သက်လုံးတောင်နေချင်သွားတယ် "

အိမ်ရှေ့ရောက်လို့ ခြံတံခါးသော့ဖွင့်နေတုန်း ဘေးကနေ အိမ်ရဲ့ခြံတံခါးကိုကိုင်ပြီးတဝါးဝါးအော်နေတဲ့ကောင်ကို ပိတ်ရိုက်ချင်စိတ်ကိုမနည်းထိန်းထားရသည်။

တစ်လမ်းလုံး သူပေါက်ပေါက်ဖောက်သမျှ နားထောင်လာခဲ့ရလို့ နားလေးကိုတောင်သနားလာမိသည်။ ညကျနားဆေးခန်း သွားရတော့မယ်ထင်ပါရဲ့။

" မင်း ပြန်လို့မရသေးဘူးလား ဟမ် "

ဘေးကအကောင်ကိုလှည့်ပြီးမေးလိုက်တော့ သူ့ကိုသနားစရာ ကလေးမသာရုပ်လေးနဲ့ ပြန်ကြည့်လာပြီး

" ခိုခို ကလည်း အိမ်ကိုတောင်ရောက်နေပြီကို ကျွန်တော်က ခနလေးလောက်ကြည့်ပြီးတာနဲ့ပြန်မှာပါ"

" ကျစ် "

" လာပါ ပင်ပန်းနေရောပေါ့ အိမ်ထဲဝင်ပါဦး "

" မင်းအိမ်လားငါ့အိမ်လား "

" ကိုကို့အိမ်လည်းကျွန်တော်အိမ်ပေါ့ လာလာ မြန်မြန်ဝင်ရအောင် "

ကိုယ့်အိမ်ကို သူ့အိမ်လို့ထင်နေတာလားမသိ

" လွှတ်စမ်း ငါ့လက်ကို "

" ဟီးဟီး ဆောရီး "

ကောင်းထက်ဆက်မပြောတော့ပဲ့ အိမ်ထဲဝင်လာလိုက်တော့သည်။ အချိန်တန်ပြန်သွားလိမ့်မည်။

🍀🍀🍀🍀🍀🍀🍀🍀🍀🍀

" မား တို့ ဘာတွေအလုပ်ရှုပ်နေတာလဲဟင် "

တစ်အိမ်လုံးကလူတွေအကုန်လုံးက ဟိုသွားလိုက်ဒီသွားလိုက် ဟိုလုပ်လိုက်ဒီလုပ်လိုက် ဖုန်းဆက်လိုက်ဖုန်းချလိုက်နဲ့ တစ်အိမ်လုံးအလုပ်ရှုပ်နေတဲ့အချိန် သူတစ်ယောက်တည်းအားယားနေသလို ဖြစ်နေတာမို့လို့ နေမထိထိုင်မသာဖြစ်လာရကာ ဖုန်းတဆက်ဆက်နဲ့ဟိုမှာလိုက်ဒီမှာလိုက် ဘာတွေလျှောက်မှာနေမှန်းမသိတဲ့ မေမေ့ကိုပြေးဆွဲပြီးမေးလိုက်ရသည်။

" အာ သားလေး ဒီမှာဘာလုပ်နေတာလဲ "

" သား ဒီမှာထိုင်နေတာကြာပြီ မား ဒါနဲ့ တစ်အိမ်လုံးဘာတွေအလုပ်ရှုပ်နေတာလဲဟင် "

 ဖူဂျိုရှီ များကြားကကျွန်ုပ်ဘဝ / ဖူဂ်ိဳရွီ မ်ားၾကားက ကြၽန္ုပ္ဘဝ / Where stories live. Discover now