[ ✨ UNI ✨ ]
" ရော့ ဒါဝတ် "
" ဘာလဲ "
" မြန်မြန်ဝတ်ပြီးထွက်လာခဲ့စမ်းပါ "
" ဟာ "
အထွန့်တတ်ချင်နေသူကို ကိုယ်ကိုယ်တိုင်ရွေးပေးထားတဲ့ဝတ်စုံနဲ့အဝတ်လဲခန်းထဲအရောက်တွန့်ပို့ပြီး စိတ်လှုပ်ရှားစွာဖြင့် ကောင်းထက်အပြင်တွင်ရပ်စောင့်နေလေသည်။
ခံစားချက်ကတော့ အင်းးးးး သတို့သမီးဝတ်စုံဝတ်ပြီးထွက်လာမဲ့သတို့သမီးလောင်းလေးကိုစောင့်နေရသလိုလေ . . .
_____
" အဟမ်း "
ရဲဟိန်းအောင် ကကောင်းထက်ပေးသည့်အနက်ရောင်ဝတ်စုံအပြည့် ကိုဝတ်ပြီး အပြင်ထွက်လာသည်။
ပြီးနောက်တဖက်ကိုလှည့်ပြီးရပ်နေသူကိုချောင်းဟန့်လိုက်တော့ လှည့်ကြည့်လာသည်။
နေပါဦး ဒါကြီးက ငါ့ကိုယ်ငါသတို့သမီးလေးလို့ ခံစာရတယ် ???
Whattt???
" အင်း မဆိုးဘူး လိုက်သားပဲ့ "
" ကိုယ် က ဘာပဲ့ဝတ်ဝတ်လိုက်ပြီးသား "
" အဟွန်း "
ဘောင်းဘီအိတ်ထဲလက်ထည့်ကာ ဝင့်ကြွားစွာပြောလာသည့်သခင်လေး ကိုကောင်းထက်နှာခေါင်းရှုံ့ကာ
" ငါ့ကို စောင့်နေ "
" ကျွန်တော်ပြန်သွားမှာမကြောက်ဘူးလား "
" ပြန်ရဲရင်ပြန်ကြည့်လေ "
ကောင်းထက် ရဲဟိန်းအောင် ရဲ့ပုခုံးကိုပုတ်ကာအဝတ်လဲခန်းဝင်သွားလေသည်။
" ဟိုလေ အကိုတို့ကညီအကိုတွေမလားဟင် ဟို ညမကို ခုနကအကိုရဲ့ဖုန်းနံပါတ်လေးပေးလို့ရမလားဟင် "
ရဲဟိန်းအောင် အပြင်မှာရပ်စောင့်နေတုန်း သူ့ဆီကိုကောင်မလေးနှစ်ယောက်လှမ်းလာပြီးစကားလာပြောသည်။