[ 𝑆𝑜𝑟𝑟𝑦 𝐹𝑜𝑟 𝐿𝑎𝑡𝑒 𝑈𝑝𝑑𝑎𝑡𝑒. ]
လူကြီးတွေအကုန်လုံးစုပြီးစကားပြောနေကြတာမို့လို့ သာထက် နဲ့ သစ်စနိုး ကဝင်မပြောပဲ့ထိုင်ပြီးသာနားထောင်နေလိုက်သည်။
ခဏကြာတဲ့အထိ လူကြီးတွေကစကားပြောမပြီး ဟိုလူကြီးကလည်းမဆင်းလာသေးတော့ ဗိုက်ဆာနေပြီဖြစ်တဲ့သာထက်တစ်ယောက် ဒေါသလေးအနည်းငယ်ထွက်လာတော့သည်။
* ဘာလဲဟ ဟိုလူကြီးက မဆင်းလာသေးဘူးလား ဗိုက်ဆာနေပါပြီဆို လူမှုရေးနာလည်မှာမရှိလိုက်များနော် မားတို့ကလည်းမပြီးတော့ဘူး တကယ်ပါပဲ့ *
သာထက်ဘေးမှာထိုင်နေတဲ့မမကိုတိုးတိုးပြောလိုက်သည်။
" မမ ဗိုက်ဆာပြီ "
" နင် ဗိုက်ဆာတာကို ငါက ဘာလုပ်ပေးရမှာလဲ "
" မမ ကလည်း ဗိုက်ဆာနေပါပြီဆို "
" ငြိမ်ငြိမ်နေစမ်း သာထက် "
" ဟင့် ဗိုက်ဆာလို့ဗိုက်ဆာတယ်ပြောတဲ့ဟာကို မမ မကောင်းဘူး မားတို့လည်းမကောင်းဘူး ဟိုလူကြီးလည်းမကောင်းဘူး "
ငိုတော့မလို မျက်နှာနဲ့ တိုးတိုး တိုးတိုး ပြောနေတဲ့သာထက်ကို စကားဝိုင်းဖွဲ့နေတဲ့လူကြီးတွေမြင်သွားတော့
" ဟဲ့ သား ဘာဖြစ်တာလဲ မျက်နှာက "
မားကမေးလိုက်တော့
" ဘာမှဖြစ်ပါဘူး "
သားကိုမေးမရတော့သမီးဘက်လှည့်ပြီး
" သမီး ဘာဖြစ်တာတဲ့လဲ "
" ဗိုက်ဆာလို့တဲ့မား "
မမ ကပြန်ဖြေလိုက်တော့ သာထက်ကမမကိုမျက်စောင်းလှည့်ထိုးသည် မမ ကတော့မသိချင်ယောင်ဆောင်ပြီး ဟိုဘက်လှည့်သွားသည်။
" ဗိုက်ဆာပြီလားသား အရင်စားထားမလား "
ဒီတစ်ခါဝင်ပြောတာကမားမဟုတ် မေချို သာဖြစ်သည်။
" ရပါတယ် မေချိုရဲ့ သားစောင့်နိုင်ပါသေးတယ်ဗျ "
" အေးအေး ဒါနဲ့ သားကလည်းကြာလိုက်တာကွယ် "
" ဟော ဟိုမှာ ဆင်းလာပြီ "
မမ ကပြောလိုက်တော့ အကုန်းလုံးလှေကားပေါ်ကိုကြည့်လိုက်မိကြသည်။
