🧸 16 🧸

960 117 13
                                        

[  🧅  UNI  🧅  ]

" ကလေး တို့ရေ မပြီးသေးဘူးလာ "

Jake ထိုင်ခုံပေါ်မှာထိုင်နေရင်း သတို့သားဝတ်စုံဝတ်ပြီးထွက်လာမဲ့ သာထက် ကိုရင်တထိတ်ထိတ်နဲ့စောင့်နေရသည်။

သာထက် ကတစ်နေကုန်ထိုင်ငိုနေတာမို့ Jake ခမျာချော့လိုက်ရတာဖက်ဖက်ကိုမောလို့ ။

ဟော ညနေကျတော့ ရေချိုးဖို့ပြောတာကို သေတောင်မချိုးဘူးလုပ်နေလို့ ရေပါပေးချိုးလိုက်တာ ခေါင်းလျော်ရည်ဘူးနဲ့ကောက်ပေါက်ခံလိုက်ရသေး ။

ရေချိုးပြီးတော့ရော အော်ငိုနေလို့ သစ်စနိုး ကိုအကူအညီလှမ်းတောင်းရသည်။

သစ်စနိုး နဲ့ ကလေးသူငယ်ချင်းတွေရောက်လာတော့မှ အဆင်ပြေတော့တယ်။

သစ်စနိုးနဲ့သူငယ်ချင်းမလေးသုံးယောက်ကတော့ အပြင်နားလေးမှာရပ်ကာစောင့်နေသည်။

ကျန်တဲ့သူတွေကတော့ ဝိုင်းကာတုပ်ပြီးအဝတ်အစားလဲပေးနေတော့သည်။

Jake ကတော့ မဂ်လာဝတ်စုံလေးနဲ့ ထွက်လာမဲ့ သူ့ရဲ့သတို့သားလောင်းလေးကို ရင်တလှပ်လှပ်နဲ့ထိုင်စောင့်နေရသည်။

ဘယ်လိုပုံလေးထွက်လာမှာလဲတော့မသိ ဒါပေမဲ့ သိပ်လှမှာကတော့ သေချာတယ် ။

" ရပါပြီ ကဲ သတို့သားလေး သာထက်ဇေယျာထွက်လာလို့ရပါပြီ "

ဝေယံ ကအရင်ထွက်လာပြီး ပြောလိုက်တော့ ကျန်တဲ့သူတွေအရှေ့ထွက်လာသည်။ မင်းသားလေးကတော့နောက်ဆုံးမှပေါ့

" ဝိုး အရမ်းလှတယ် အားးးးးး လှလိုက်တာ အရမ်းလိုက်ဖက်တာပဲ့ဟာ !! "

မျက်နှာလှလှလေးတွင်မျက်ရည်ကလေးတွေစိုရွဲကာထွက်လာတဲ့ သူ့ရဲ့သတို့သားလေး

အဖြူရောင် ဝတ်ရုံလေး ဇာလေးတွေနဲ့အလှဆင်ထားတဲ့ ဝတ်စုံလေး ရင်ဘတ်ရဲ့ဘယ်ဘက်ချမ်းတွင် စိန်အပွင့်သေးသေးလေးတွေမြောက်များစွားနဲ့အလှဖော်တာဟာ တကယ့်ကိုလှပပြီးကျက်သရေရှိလှပါသည်။

 ဖူဂျိုရှီ များကြားကကျွန်ုပ်ဘဝ / ဖူဂ်ိဳရွီ မ်ားၾကားက ကြၽန္ုပ္ဘဝ / Donde viven las historias. Descúbrelo ahora