[ ✨ UNI ✨ ]
" အိမ်ပြန်ရောက်ပါပြီဗျို့ "
အထုပ်တွေမသယ်ကူဘဲ အိမ်ထဲပြေးဝင်သွားတဲ့ကလေးကြောင့် Jake ကပဲ့ကျန်ခဲ့အထုပ်တွေကိုဆွဲကာပြုံးပြီးဝင်လိုက်သွားသည်။
ဘာလီကျွန်းကိုကြိုက်လှပါတယ်ပြောသည့်ကလေးကသူ့သူငယ်ချင်းတွေဝိုင်းစသည့်ဒဏ်ကိုမခံနိုင်တော့ဘဲငိုကြီးချက်မနဲ့အိမ်ပြန်ချင်တယ်ပြောလာသောကြောင့် Jake နေ့တွင်းချင်းအိမ်ပြန်ခဲ့ရသည်။
" ကလေး ရေချိုးနေတာလား "
" အွန်း "
" ဟုတ်ပြီ မြန်မြန်ချိုးနော် "
အခန်းထဲသို့ဝင်လိုက်သော်ကလေးပေါက်ကိုမတွေ့ဘဲရေချိုးခန်းထဲမှရေကျသံကိုကြားလိုက်လို့မေးလိုက်တယ် ။
Jake Luggage ထဲကစာရွက်စာတမ်းတစ်ချို့နှင့် ဗူးလေးတစ်ဘူး ကိုငုံ့ကြည့်ပြီး ပြုံးနေသည်။
ဂလောက် !! ( တံခါးဖွင့်သံ )
" ဘာလုပ်နေတာလဲ "
အနောက်ဘက်ကကလေးငယ်အသံကိုကြားလိုက်ရလို့ Jake လှည့်ကြည့်လိုက်တော့ သဘတ် တစ်ထည်ကကခါးမှာပတ်ထားပြီး တစ်ထည်ကခေါင်းပေါ်မှာ
" ပြီးပြီလား "
" အင်း အနောက်မှာဘာဖွက်ထားတာလဲ "
သာထက် Jake နားသွားရပ်ကာမေးလိုက်သည်။
" အဝတ်အစားအရင်လဲလိုက်ပါဦးနော် "
" မရဘူး အခုပြ "
" ဟုတ်ပါပြီဗျာ ဒီမှာလေ "
Jake ပြောမရသည့်ကလေးဆိုးလေးကို လက်ထဲတွင်ကိုင်ထားသည့် ပစ္စည်း တစ်ချို့ကိုပြလိုက်ရသည်။
လူကြီး ပေးလာသည့်စာရွက်တစ်ချို့နှင့် မကြီးမသေးအရွယ်လောက်ရှိသည့်ဗူးလေးတစ်ဘူးကိုကိုင်ပြီးမေးလိုက်သည်။ ထိုဗူးလေးကိုလှုပ်ကြည့်တော့ သော့အသံတွေကြားရသည်
" ဘာတွေလဲ "
" ကလေး မမှတ်မိဘူးလား "
" ဘာကိုလဲ "
" ကဲ ဒီမှာထိုင် ကိုယ် ဆံပင်သုတ်ပေးမယ် "
သူပေးလိုက်သည့်အရာတွေကိုကိုင်ပြီး အူကြောင်ကြားလေးဖြစ်နေသည့်ကလေးငယ်ကိုပုခုံးကနေဖိကိုင်ပြီးကုတင်ပေါ်ထိုင်ခိုင်းလိုက်သည် ပြီးနောက် ခေါင်းပေါ်ကသဘတ်ကိုယူကာစိုစွတ်နေသေးသည့်ဆံသားလေးတွေကိုဖွဖွကလေးသုတ်ပေးရင်းစကားဆိုသည်။