" မေချို ရေ သားတို့ရောက်ပြီ "
ကားပေါ်ကဆင်းဆင်းချင်းဘယ်သူ့ကိုမှမစောင့်ဘဲ ပြေးဝင်သွားတဲ့ သာထက်
" ချို ရေ "
ဒါကတော့ ဒုတိယမြောက်ပြေးဝင်သွားတဲ့ သခင်မကြီး
" ကဲနောက်ဆုံးတော့ ပါး နဲ့ သမီးပဲ့အထုပ်သယ်ရတာပေါ့နော် "
"ဟားဟား ဟုတ်ပြီး သမီး နဲ့ ပါးပဲ့ သယ်ကြတာပေါ့ "
ကျန်ခဲ့တဲ့ နှစ်ယောက်သားကတော့ ဝယ်လာတဲ့လက်ဆောင်လေးတွေကိုသယ်ပြီ ဝင်လာခဲ့ရသည်။
_____________________
" ရောက်လာကြပြီလား "
"မေချို မေချို ကိုအများကြီးလွှမ်းနေခဲ့တာ "
မေချိုကိုတွေ့တာနဲ့ပြေဖက်ပြီးချွဲနေတဲ့သာထက်လေး
" မေချို လည်း သားငယ်လေးကိုအများကြီးလွှမ်နေခဲ့ သားငယ်လေးက မေချိုကိုပြစ်ထားတယ်မလား "
" မပြစ်ထားပါဘူး ဗျာ သားကမအားလို့ပါနော် "
" ဟုတ်ပါပြီ ရှင် "
" ချို မင်းသားကြီးကော ရောက်နေပြီလား "
" အင်း မနက်ကတည်းကရောက်နေတာ အပေါ်ထပ်မှာလေအခုပဲ့သွားခေါ်တော့မလို့ "
" ဟုတ်လား အဲဆိုသားငယ်လေးကိုပဲ့ခေါ်ခိုင်းလိုက်လေ"
" ဗျာ မား သားမှမသိတာကြီးကို "
" ကဲပါ သားရယ် တက်ခေါ်ပေးလို့ရမလားဟင် မေချို သားမားနဲ့ပြောစရာရှိလို့ပါ "
" ဟင်း ပြီးရော ဒါနဲ့အဲလူကြီး အခန်းကရော "
" ဟဲ့ သားဘာအဲလူကြီးလဲ "
" သားထက်ကြီးလို့ လူကြီး လို့ခေါ်တာလေ အဲလိုမခေါ်ရင်သားက ကလေလေး လို့ခေါ်ရမှာလားပြော "
" တယ် ငါလုပ်ထည့်လိုက်ရ "
"ကဲပါ မြတ်လေးရယ် ထားပါတော့ သားငယ် သားကြီးအခန်းကအပေါ်ထပ်မှာ ပထမဆုံးအခန်းပါကွယ် "
" ဟုတ် "
လို့ပြောပြီးကုတ်ကုတ်ကလေးတက်သွားတဲ့ သားငယ်ကိုကြည့်ရင် မတော်ရသေးတဲ့ခမည်းခမက် နှစ်ယောက်သားမတိုင်ပင်ဘဲရီမိသည်။