🧸 14 🧸

954 111 9
                                        

[ 🪴 UNI 🪴 ]

" ရဲဟိန်း ရော "

သာထက် ဝိုင်းကိုပြန်တက်လာတော့ ရဲဟိန်းအောင် ကိုမမြင်လို့မေးလိုက်တယ်။

" သူ့ကိုကိုဆီသွားဦးမှာတဲ့ "

" ဟွန့် "

" ဒါနဲ့  အကို Jake ရော "

" မသိဘူး "

" ဘာလို့မသိတာလဲ  မင်းကိုခေါ်မို့ခုနကပဲ့ဆင်းသွားတာလေ "

" ကျစ်  မသိပါဘူးဆို "

ဘူးခံငြင်းနေတဲ့အကောင်ကို အိမ့်ဖူး ပိတ်ထိုးလိုက်သည် မျက်စောင်းနဲ့ ။

" ရား သာထက် မင်း အကိုJake ကိုကြိတ်ကြိုက်နေတယ်မလား "

ဝေယံ က သာထက် ကိုစနောက်ပြီးမေးလိုက်တော့

၃၁ ဘုံမှာအဖြောင့်ဆုံးလူသားလေးက ရှုးရှုးရှဲရှဲ ဖြစ်ကာ

" ယီးကိုကြိတ်ကြိုက် မင်းပဲ့ကြိတ်ကြိုက်ပါလား!! "

" ဟင့် ကိုကို ပေပီ ကိုဆဲတယ် "

စ ပြီးမေးလိုက်တာကိုအဆဲခံလိုက်ရတာမို့ ဝေယံ ဘေးမှာထိုင်နေတဲ့ ကျော်ဇေယျာ ဆိုတဲ့ဆိုင်ရာပိုင်ရာဘဲကြီး ရင်ခွင်ထဲတိုးဝင်ကာ ချွဲ နေလိုက်သည်။

" ဟေ့ရောင် ငါ့ဘေဘီ ကိုဆဲစရာမလိုဘူး "

သာထက် သောက်အကဲပိုနေတဲ့ ချီးထုပ်ဟိုမို အတွဲကို ကျိန်ဆဲရင်း ကနေတဲ့ ကောင်မလေးတွေဘက်ကိုသာလှည့်ပြီးထိုင်နေလိုက်တော့တယ်။

ခနနေတော့  Jake လည်းပြန်တက်လာလိုက်သည်။

" ကလေးတို့မပြန်သေးဘူးလား နောက်ကျနေပြီလေ"

" ဟုတ် အကိုကြီး ညမ တို့အခုပဲ့ပြန်တော့မှာ "

" ဘယ်ကိုပြန်မှာလဲ မပြန်ရဘူး တစ်ညလုံးကဲမှာ "

သာထက် ကလှည့်ပြီးပြောရင်း သူများဆော်ကိုဖြတ်ခုတ်လုသွားတဲ့ ဘဲကြီးကိုမျက်စောင်းလှမ်းထိုးလိုက်သည်။

" အင်း အဲဆိုညမ လေးတို့ပြန်တော့လေ အကိုရှင်းပေးလိုက်မယ်နော် ကလေးကိုလည်းကိုယ်ပဲ့ခေါ်သွားလိုက်မယ်နော် "

" ဟုတ် "

" Bye သာထက် "

" ဟေ့ ဟေ့နေအုံးလေ ငါ့ကိုမထားခဲ့နဲ့လေ "

 ဖူဂျိုရှီ များကြားကကျွန်ုပ်ဘဝ / ဖူဂ်ိဳရွီ မ်ားၾကားက ကြၽန္ုပ္ဘဝ / Where stories live. Discover now