[ ⚡️ UNI ⚡️ ]
" ခင် ခင်ဗျားဘာပြောလိုက်တာလဲ "
ထိတ်ထိတ်လန့်လန့် နဲ့မေးလာတဲ့သာထက်ကိုကြည့်ရင်း Jake ပြုံးလိုက်သည်။ သူ့ကလေးကသူ့ကိုလက်ထပ်ရမှာ အဲလောက်တောင်ပျော်သွားရလားလို့
" ကိုယ့်နဲ့ လက်ထပ်မလားလို့ "
ပြုံးပြုံးကြီးပြန်ဖြေလာတဲ့ လူကြီး ကိုကြည့်ပြီးသာထက်အံ့သြမိသည်။ ဒီလူကြီးဘာဖြစ်ချင်နေတာလဲဟ လက်ထပ်တာကို ကစားစရာများထင်နေတာလား ။
ပြီးတော့ ဘာလဲ ငါ့ကိုကွေးနေတယ်လို့ထင်နေတာများလား ဒီလူကြီးတော့နာတော့မှာပဲ့ . . . .
" ဒီမှာ ခင်ဗျား ဘာတွေလာပြောနေတာလဲ ရူးနေလို့ ခင်ဗျားနဲ့လက်ထပ်ရမှာလား ဒါနောက်စရာမဟုတ်ဘူး နောက်မနေနဲ့မရယ်ရဘူး ပြီးတော့ ဦလေးကြီး ကျွန်တော်ကအဖြောင့်ဗျ အဖြောင့် မိန်မပဲ့ကြိုက်တာ ခင်ဗျားကျွန်တော့်ကိုကြိုက်နေတာဆို လက်လျှော့လိုက်တော့ "
" အဲဆို မထပ်ဘူးပေါ့ "
" သေတောင် မထပ်ဘူး "
" ဟုတ်ပါပြီ ဒါဆို နားလိုက်ပါဦးနော် "
ပြောပြီးထထွက်သွားတဲ့လူကြီးကို သာထက်အဆုံးထိလိုက်ကြည့်နေမိသည်။
" ဘာလဲဟ ရူးကြောင်ကြောင်နဲ့ "
🍁🍁🍁🍁🍁🍁🍁🍁🍁
" အိုက်ယားးးးး !!!!!! ငါဖုန်းနံပါတ်လေးတောင်းလိုက်ရမှာကိုကွာ "
အိပ်ယာပေါ်မှာမှောက်ခုံလှဲနေရင်းခေါင်းအုံးကိုတဖုံးဖုံးထုကာ ရဲဟိန်းအောင် တစ်ယောက်ငြီးငြူမိသည်။
" ကျစ် တကယ်ပါပဲ့ ဘာလို့အဲလောက်တောင်လှပပြီးချစ်စရာကောင်းနေရတာလဲ ဘယ်သူသဘောနဲ့လဲ ဟမ် အား!!! ငါတကယ်ရူးတော့မှာပဲ့ ပြောရင်းဆိုရင်း လွမ်းလာပြန်ပြီ ကိုကိုရာ "
အစကတော့ ကိုယ့်ထက်ငယ်မယ်ထင်ထားတာကွာ ကြီးရင်တောင် အလွန်ဆုံးရှိ ၁ နှစ် ၂ နှစ်ပေါ့လိုတွေးထားပေမဲ့ အခုက ၆ နှစ်တောင်ကြီးတာဆိုတော့ ရိုရိုသေသေလေးခေါ်ရမှာပေါ့နော် ။
စိတ်ပျက်လက်ပျက် နဲ့ ကုတင်ပေါ်ထထိုင်လိုက်မိသည်။
" လွမ်းတယ် လွမ်းတယ် လွမ်းတယ်လို့ !!!!!!! ကိုကို့ ကိုတွေ့ရတာတစ်ရက်ပဲ့ရှိသေးတာကို သေမလို့လွမ်းနေတော့ကျွန်တော်ကဘယ်လိုလုပ်ရမလဲပြော !!! "