[ 🌴 UNI 🌴 ]
မြေပြင်ပေါ်သို့ လေယာဉ် ဆင်းသက်ပြီးနောက် ကြိုတင်ကာဘိုကင်ချိတ်ထားသည့် အဆင့်မြင့်ဟိုတယ်သို့ ခရီးဆက်ခဲ့သည်။
" ပင်ပန်းပြီ အိပ်တော့မယ် ပြီးမှပဲ့ရေချိုးတော့မယ် "
ခရီးပန်းလာတဲ့ကလေးငယ်ဟာ အဝတ်အစားတောင်မလဲနိုင်တော့ဘဲ တန်းအိပ်ယာဝင်တော့တာမို့ အလိုက်သိသည့် ယောကျ်ားဖြစ်သူကပဲ့ သက်သောင့်သက်သာအနားယူလို့ရအောင် အဝတ်အစားလဲပေးလိုက်သည်။
အဝတ်အစားလဲပေးနေစဥ် အင်းအဲ လို့သာအသံပြုပြီးထမလာ လေယာဉ်ပေါ်မှာတစ်ချိန်လုံးအိပ်ပြီးလိုက်လာရလို့ပင်ပန်းသွားတာထင်ပါသည်။
အိပ်ပျော်နေသည့် ကလေးငယ်ကိုစောင်သေသေချာချာခြုံပေးခဲ့ပြီးနောက် အခန်းအပြင်သို့ထွက်လာကာ စီစဥ်စရာရှိတာလေးတွေကိုစီစဥ်ဖို့လုပ်ရသည်။
နောက်နာရီဝက်လောက်ကြာတော့ သစ်စနိုးတို့ပါ ဟိုတယ်ကိုရောက်လာကြသည်။
ကြိုတင်မှာယူပေးထားသည့်အခန်တွင်အသီးသီးဝင်အနားယူကြလေသည်။တစ်ယောက်တစ်ခန်းယူပေးထားတာကိုတောင် မနေချင်ဘူးပြောနေသည့် ရဲဟိန်းအောင် ဆိုတဲ့လူ နဲ့ အသစ်ဆက်ဆက်ရောက်ရှိလာသည့် မAmelia တို့ကြောင့် ကောင်းထက်နဲ့ သစ်စနိုးတို့ခေါင်းခဲရပြန်သည် ။
နောက်ဆုံးတော့ အလျော့ပေးကာ နှစ်ယောက်ခန်းနှစ်ခန်းယူကာ နေလိုက်ရသည်။
" ကိုကို ရေချိုးမယ် "
" မင်းဘာမင်းချိုးလေ ဘာလို့ငါ့ကိုလာခေါ်နေရတာလဲ "
ကောင်းထက် အခန်းထဲရောက်တာနဲ့ Luggage ထဲကအဝတ်အစားတွေကို အခန်းထဲမှာအသင့်ရှိနေတဲ့ အဝတ်ဗီရိုကြီးထဲအစီအရီခေါက်ထည့်နေတုန်း ရေချိုးခန်းထဲကနေခေါင်းလေပဲ့ပြူးထွက်ကာရေချိုးဖို့လာခေါ်နေတဲ့အကောင်စုတ်ကို မျက်စောင်းခဲကာပြန်ပြောလေတော့
" ကိုကို ကလည်းအတူတူချိုးမယ်လေဗျာ အကိုနဲ့ကျွန်တော်ကရည်စားအရာမြောက်နေပြီပဲ့ကို"
" ဘာရည်စားလဲ ငါမင်းကိုကြိုက်တယ်ပြောမိလို့လား "
" မသိဘူးဗျာ ကျွန်တော်ကြိုက်ရင်ကျွန်တော့ချစ်သူပဲ့ "
![](https://img.wattpad.com/cover/231137441-288-k542368.jpg)