🧸 29 🧸

676 85 3
                                        

[ ✨ UNI ✨ ]

" ဖက်ထုပ်လေး ကိုကို့ ကိုချစ်လား "

" ဝူးဝူး ဝါးဝါးဝါး "

" ဟမ် ချစ်တယ်လို့ပြန်ပြောတာလား အမယ်လေး ကိုကို့ ကလေးလေးကအရမ်းချစ်ဖို့ကောင်းတာပဲ့ အာဘွားပေးရမယ် "

" မွမွ "

" ခစ်ခစ် "

ကုတင်ပေါ် က ပက်လက်ကလေးလှန်ပြီး ခြေလေးတွေမြောက်ကာလက်ကလေးတွေနဲ့ကိုင်ပြီးဆော့နေတဲ့ ဖက်ထုပ်လုံးလေး ကို ဂူဂူးမှာစကားတွေပြောပြီးချစ်မဝဖြစ်နေရှာသည်။

" သားငယ် ရေထမင်းစားကြရအောင် "

" ဟုတ် ပါပါး "

သာထက် ကအခန်းထဲဝင်လာပြီး ဂူဂူး ကိုထမင်းစားဖို့လာခေါ်ရင်း ဖက်ထုပ်လေးကိုပါတစ်ခါးတည်းပွေ့ကာချီပြီထမင်းစားခန်းထဲကိုခေါ်လာလိုက်သည်။

ဒယ်ဒီချစ်သားကြီးကတော့ သူ့ဒယ်ဒီအလုပ်လုပ်နေတဲ့ဆီရှုပ်ကူနေလေသည်။

" လူကြီး ရေထမင်းစားမယ် "

" အင်း ကလေး "

အလုပ်လုပ်နေသည့်ယောကျ်ားဖြစ်သူကိုလှမ်းခေါ်ပြီး ကလေးတွေစားဖို့အတွက်အဆင့်သင့်ပြင်ပေးပြီး ဖက်ထုပ်လေးကိုထမင်းပေါင်းကျွေးသည်။

" ဒီလုံးလုံးလေးက စားတောင်စားနေပြီလား "

Jake က ဝူဝူး ကိုချီရင်းထမင်းစားခန်းထဲဝင်လာပြီ ကလေးကိုထမင်းခွံ့နေတဲ့ သာထက် ကိုအရင်အနမ်းချွေကာ သာထက်ပေါင်ပေါ်က ဖက်ထုပ်လေးကို လှမ်းစတော့ ထမင်းပေါင်းလေးတွေပေနေသည့်ပါစပ်သေးသေးလေးကိုဟပြီး ရယ်သည်။

" နေ့လည်ကျရင် အပြင်ခဏထွက်မှာ ကီကီ တို့နဲ့တွေ့ဖို့ချိန်းထားတယ် "

ဖက်ထုပ်လေးကိုသေချာထမင်းခွံ့ရင်း ခေါင်းမမော့ဘဲပြောလာသည့်စကား သေချာတာကတော့ခွင့်ပြုချက်တောင်းတာတော့မဟုတ် ...

" အင်းပါ "

" ပါပါး ဝူဝူးလေး လည်းလိုက်ချင်တယ်လေ "

အပြင်ထွက်မယ်အသံကြားတာနဲ့ ကဲစိန်လေးကထကြွလာပါပြီ ...

" ပါပါး ကခဏပဲ့သွားမှာလေ ကလေးရဲ့ "

 ဖူဂျိုရှီ များကြားကကျွန်ုပ်ဘဝ / ဖူဂ်ိဳရွီ မ်ားၾကားက ကြၽန္ုပ္ဘဝ / Where stories live. Discover now