🧸 25 🧸

748 86 4
                                    

[ ✨ UNI ✨ ]

" ဒီနေ့ ပါပါး ရယ် ဝူဝူးလေး ရယ် ဂူဂူး လေးရယ် ဒယ်ဒီကြီး ရော လျှောက်လည်ကြမယ် ! "

" ဟီး  ခစ် ခစ် "

ဘေဘီလေးနှစ်ယောက်ကို သာထက်တို့လင်လင်နှစ်ရေချိုးပေးရင်းမြူးတော့ ဝူဝူးလေး ကသူ့ရဲ့လက်သေးသေးလေးတွေနဲ့ ရေကိုတဖတ်ဖတ်ရိုက်ပြီးရီနေသည်။

ဂူဂူးလေးကလည်း သူအကိုရီတော့လိုက်ရီသည် ။

____________

" အာရီဂူ ချစ်ဖို့ကောင်းလိုက်တဲ့ဘေဘီလေးတွေ ဒီလောက်ချစ်ဖို့ကောင်းနေတာဘယ်သူဘက်ကလိုက်တာပါလိမ် ဟက် သေချာပေါက် ဒီကသာထက်ဇေယျာလို့ခေါ်တဲ့ပါပါး ဘက်ကလိုက်တာပဲ့ပေါ့"

" ဟီး "

" ပြီပါပြီခင်ဗျာ မွ မွှေးလိုက်တာကွာ "

ဘုရားထဲကိုပဲ့အရင်သွားကြမှာမို့ ဘေဘီလေးတွေကို ပုဆိုးသေးသေးလေးတွေနဲ့အကျီအဖြူလေးတွေပေးဝတ်ထားတာမို့ လုံးတုံးတုံးလေးတွေကအသည်းယာစရာကောင်းလှသည်။

Baby mild ပေါင်ဒါလေးတွေလိမ်းပေးပြီးတော့ ပါဖောင်းဖောင်းလေးတွေရောလက်ဖောင်ဖောင်လေးတွေကိုပါဖိကပ်ကာနမ်းလိုက်သည်။

" ကဲ ဘေဘီလေးတွေပြီးပြီဆိုတော့ ဒယ်ဒီကြီးကသွားချိုးလို့ရပါပြီ "

" ကလေးချိုးပေးလေ "

" ဘာကိုကလေးချိုးပေးလဲ သွားစမ်းပါ ကလေးဆိုးကြီးလိုလာလုပ်မနေနဲ့ မြန်မြန်သွားချိုးချေ ဘုရားထဲဝင်မို့နေပူလာရင်ဘေဘီလေးတွေမခံနိုင်မှာစိုးလို့ "

" ဟုတ်ပါပြီကွာ "

ခန္ဓာကိုယ်ကြီးကိုမှအားမနာမျက်နှာကိုဇီရွက်လောက်လေးထားပြီရေချိုးခန်းထဲဝင်သွားတဲ့ယောကျာ်ကိုကြည့်ပြီး သာထက်ရီလိုက်သည်။

ဒီလူကြီးကတော့လေချစ်လို့သေတော့မှာပဲ့ . . .

အာ ပြောစရာရှိသေးတယ် ဟီး ဒီနေ့ကျွန်တော်ယောကျ်ားကိုစပရိုက်တိုက်မို့လေ . ခိခိ ...

__________________

အခု ရဲဟိန်အောင် ရန်ကုန်ကိုပြန်ရောက်နေပါပြီ ။

 ဖူဂျိုရှီ များကြားကကျွန်ုပ်ဘဝ / ဖူဂ်ိဳရွီ မ်ားၾကားက ကြၽန္ုပ္ဘဝ / Where stories live. Discover now