[ 💗 UNI 💗 ]
6 months later
________________
" လူကြီးရေ ...."
" ဗျာ "
" လာပါအုန်း "
" လာပါပြီခင်ဗျား "
မီးဖိုချောင်ထဲတွင် ပန်ကိတ်စားချင်ပါတယ်ပြောသည့်သခင်းလေးအတွက် ပန်ကိတ်အကြီးကြီးလုပ်ပေးစဥ် ဧည့်ခန်းထဲတွင်TV ကြည့်ရင်းအော်ခေါ်လာသည်ကြောင့်အမြန်ထူးကာအပြေးသွားရသည်။
မဟုတ်ရင် ဗိုက်ကလေးကငိုတော့မှာလေ ...
" ကဲပြော ဗိုက်ကလေးရေ ဘာစားချင်ပြန်တာလဲဟမ် "
ဆိုဖာခုံးပေါ်တွင် ဗိုက်လုံးလုံးကလေးနဲ့ လှဲပြီးTV ကြည့်နေသူကိုမေးတော့ မျက်စောင်းလေးဝင့်ကာ
" ဟွန့် ပန်ကိတ်ပြီးပြီးလားမေးမလို့ပါ "
" ပြီးပါပြီဗျ ပြွတ်စ် ကိုယ်ယူခဲ့မယ် ခနလေးစောင့်နော် "
" ဟုတ် "
ပန်ကိတ်ပန်ကန်ကိုအပြေးဝင်ယူပြီးဗိုက်ကလေးဆီပေးလိုက်တော့
" ခွံ့ကျွေးလေ "
" ဟုတ်ပါပြီဗျာ "
လှဲနေသည့်ဗိုက်ကလေးကိုဆွဲထူလိုက်တော့ ကိုယ့်ပုခုံးထက်ဆီခေါင်းလေးလာတင်သည်မို့ သည်အတိုင်းသာခွံ့ကျွေးလိုက်တော့သည်။
" နောက်တစ်လဆိုရင် သားလေးလား သမီးလေးလားသိရပြီနော် "
" အင်းဟုတ်တယ်နော် ဒါနဲ့ လူကြီးကဘာလေးလိုချင်လဲဟင် "
" အင်း ကိုယ်ကတော့ ဘာလေးပဲ့ဖြစ်ဖြစ်ချစ်မှာပါ "
" ကျွန်တော်ရောပဲ့ ဟီးဟီး "
၄ လခန့်ရှိပြီဖြစ်သည့်ဗိုက်ကလေးဖွဖွလေးပွတ်သပ်ကာပြုံးရီနေသည့် ကလေးငယ်ကြောင့် Jake ကြည်နူးမိသည်။
လွန်ခဲ့သော ၄ လခန့်က ယောက္ခမကြီး၏ကောင်းမှုကြောင့် သာထက်တို့ဆေးပညာဖြင့်ကိုယ်ဝန်ယူခဲ့ကြရသည်။
အဲဒီအချိန်တုန်းက Jake အရမ်းကြောက်နေခဲ့တာ တဂယ်လို့ကိုယ်ဝန်ရှိလာခဲ့ရင်ကလေးငယ်ကလက်မခံမှာကိုစိုးရိမ်ခဲ့ရတာ ဒါမဲ့သူစိုရိမ်းတာတွေအလွဲကြီးလွဲခဲ့သည်။