[ ✨ UNI ✨ ]
" သခင်လေး !! သခင်လေး !! "
အိမ်ထဲသို့အော်ကြီးဟစ်ကျယ် ကပျာကယာနှင့် ပြေးဝင်လာသော မျိုးအောင် ကြောင့် မီးဖိုချောင်ထဲကသာထက် သာမက စာပွဲသေးသေးလေးတွေပေါ် ထိုင်ပြီးပေပွနေအောင်မုန့်စားနေကြသည့် အမွှာလေးတို့ပါ လန့်ရသည်။
" မျိုးအောင်ရယ် လန့်လိုက်တာ ဘာဖြစ်လို့လဲ "
သာထက် ကမီးဖိုချောင်ထဲကထွက်မလာသေးဘဲမေးလိုက်တော့ မျိုးအောင် က
" သခင်လေး ဒီမှာလာကြည့်ပါဦး "
" လာပါပြီ ဘာများဖြစ်လို့လဲ "
သာထက် က မျိုးအောင် ရဲ့ထိန့်လန့်တကြားပြောသံတွေကြောင့် လုပ်နေတဲ့အလုပ်တွေကိုပစ်ချပြီးအပြင်ထွက်လာလိုက်သည်။
" ဟာ !! "
သာထက် က မျိုးအောင်ရဲ့လက်ထဲ က ပုဆိုးနဲ့ထွေးပွေ့ထားတဲ့ ကလေးငယ်လေး ကိုမြင်လိုက်ရသည်။
" မျိုးအောင် ဒါဘယ်သူ့ကလေးလဲ "
" မသိပါဘူး သခင်လေး ကျွန်တော် အမှိုက်သွားပစ်တာ အမှိုက်ကန်နားကစက္ကူပုံလေးထဲမှာတွေ့ခဲ့ပါတယ် ကလေးကိုဘာမှလည်းမဝတ်ပေးထားဘူး "
" ဟာ "
သာထက် မျိုးအောင်လက်ထဲက ကလေးငယ်လေးကိုပွေ့ဖက်လိုက်တော့ ကလေးလေးကမျက်လုံးဝိုင်းလေးတွေနဲ့လှမ်းကြည့်နေသည်။ပုဆိုးတွေကတော့ မျိုးအောင် ထုပ်ပေးထားတာဖြစ်ပါလိမ့်မည်။
အလွန်ဆုံးရှိဒီကလေးလေးသည် ၅ လ ၆ လလောက်ပဲ့ရှိအုံးမှာ
ဘယ်လို ဘယ်လိုများ. . . ဘုရားသခင်ရေ. . .
" မျိုးအောင် လူကြီးကိုဖုန်ခေါ်ပေး ပြီးရင် ဒေါက်တာကိုပါတစ်ခါတည်းခေါ်လိုက် "
" ဟုတ် သခင်လေး "
သာထက် က ကလေးငယ်ကိုပွေ့ပြီးအခန်းထဲခေါ်သွားကာပိုပြီးနွေးထွေးသွားအောင်လို့ သားငယ်လေးတို့ရဲ့ အနှီးလေးတွေနဲ့ထွေးပွေ့ပြီးတင်းတင်းကျပ်ကျပ်ပွေ့ဖက်ထားလိုက်သည်။
ကလေးငယ်ရဲ့လက်သေးသေးလေးတွေကအေးစက်လို့. . .
ဖြူဖြူဖွေးဖွေး ၊ လုံးလုံးကစ်ကစ်လေးနဲ့မျက်လုံးဝိုင်းလေးတွေရှိတဲ့ချစ်ဖို့ကောင်းသည့်ကလေးလေးကို ဘယ်သူက ဘာအခက်အခဲတွေရှိနေလို့ကလေးကိုဘာမှတောင်မဝတ်ပေးဘဲလာစွန့်ပစ်ရက်တာလဲ
