[ ⚡️ Uni ⚡️ ]
" သာထက် ဒီလာစမ်း "
" ဘာလဲ ဘာလုပ်မို့လဲ "
သာထက် ဂိမ်းတိုက်နေတုန်း အမ ကခေါ်လိုက်တာကြောင့် ဆောင့်အောင့်ပြီး ပြန်ထူးလိုက်သည်။ ဂိမ်းရှုံးရတဲ့ကြားထဲ အမ ကတစ်မျိုး . . . . .
" မြန်မြန်လာခဲ့ ကိုယ်တိုင်းယူမလို့ "
" ကျစ် ကိုယ်တိုင်းကဘာလုပ်မလို့လဲ ဗျာ "
" မြန်မြန်လာခဲ့ဆို မြန်မြန်လာခဲ့လိုက် ငါနှစ်ခါမပြောဘူးနော် ဆက်နှိပ်နေမယ်ဆို ငါ အဲဒီဖုန်းကိုရိုက်ခွဲပစ်မှာ"
ပြောရင်ပြောတဲ့အတိုင်းလုပ်တတ်တဲ့ သူ့အမ ကြောင့်သာထက် မထချင်ထချင်နဲ့ထလိုက်ရသည်။
ဒီအပျိုကြီးက စိတ်ဓာတ်ပဲ့ဗျာ ။
" မြန်မြန်လုပ်ဗျာ ကြယ်တွေကြွေလိမ့်မယ် ဒီတစ်ခါထပ်ကြွေရင်လည်း ဆင်းစရာ အဝီစိ ပဲ့ရှိတော့တယ် "
" နင် ကြယ်တွေက မကြွေတဲ့နေ့ရောရှိလို့လား "
" ဟွန့် "
သာထက် နှာခေါင်းရှုံလိုက်သည်။ မှန်တာပြောတော့လည်းသည်းခံလိုက်ရတာပါပဲ့ . . . .
တကယ်တော့ သာထက်ဆိုသည်မှာ မိုဘိုင်းလီဂျန်ဘမ်ဘမ် တွင် Nana ကိုတောင် 3.0 ရတဲ့အထိအေးဆေးဆော့နိုင်တဲ့သူဆိုပေမဲ့ အကျင့်လေးအတိုင်းနှာဘူးမထရမနေနိုင်တော့ မဆော့တက်တဲ့ကောင်မလေးတွေကို ကိုကြီးကာကွယ်မယ် ပြောပြောပြီးအရှေ့ကပြေးပြေးသေနေတော့ အဆင်ပြေမနေဘူးလေ ။
" ဒါနဲ့ ကိုယ်တိုင်းကဘာလို့မို့လဲ "
" ဘာလုပ်လုပ်ပေါ့ နင့်အပူလား သွား သွားတော့ "
သူလုပ်ချင်ရာလုပ်ပြီးတော့ သူများကိုလာတွန်းထုတ်နေတဲ့ အမကြီး ကို သာထက် တိုးတိုးလေးကျိန်းဆဲလိုက်သည်။
" သူများကိုယ်တိုင်းလည်းယူသေးတယ် သူများကိုလည်း ဟိန်းလားဟောက်လားနဲ့ ဟွန့် အပျိုကြီးဖြစ်မဲ့ရုပ် "
" ဘာပြောတယ် "
တိုးတိုးလေးကျိန်းဆဲတာကိုတောင် ရအောင်ကြားသွားတဲ့ အမကြီးကြောင့် သာထက် မျက်နှာလေးကိုအလှဆုံးပြုံးရင်း
