[ ✨ UNI ✨ ]
" Babe ဒီနေ့ထူးဆန်းနေပါလား "
ကုတင်ပေါ်လှဲပြီးမြူဆွယ်တိုက်နေ့သည့်အကောင်ပေါက်လေးဆီတိုးသွားပြီး ဖော်ထားသည့်ခြေတံသွယ်သွယ်ဖွေးဖွေးလေးကိုဖြည်းဖြည်းလေး ပွတ်သပ်ပြီး ပြောတော့
" ဒီနေ့ကအထူးအဆန်းလေးတွေလုပ်ချင်လို့လေ ဘေဘီလေးတွေအိပ်ပြီလား "
" အင်း ပြောပါဦ ကိုယ့်ခင်ပွန်လေးကဘယ်လိုအထူးအဆန်းလေးတွေလုပ်ချင်နေလဲဆိုတာ "
ကိုယ့်ရဲ့ခြေတံလေးတစ်လျှောက်လက်နဲ့ဆော့ကစားနေတဲ့ သူရဲ့လည်တိုင်းကိုဖက်ပြီး ရည်ဝေဝေအကြည့်ဖြင့်ကြည့်ကာ
" ဒီနေ့ ကျွန်တော်တို့ ဘေဘီလေးတွေအတွက် ညမလေးတစ်ယောက်လောက်ဖန်တီးပေးမလားလို့လေ "
" ဟာ ကလေးတကယ်ပြောတာလား "
" အင်း "
အံ့သြတကြီးဖြင့်မေးလာသူကိုကြည့်ပြီး
" အချိန်မဖြုန်းဘဲနေကြရအောင် "
" ပြွတ်စ် "
Jake က သာထက် ရဲ့လည်တိုင်လေးကိုအရင်စုပ်နမ်းပြီး. . .
ခနအကြာ ထိုအခန်းလေးထဲတွင်အချစ်ရမ္မက်အသံများဖြင့်ပြည့်နှက်သွားလေသည်။
______
" ကလေးရေချိုးဦးမလား "
" မချိုးတော့ဘူး ပင်ပန်းတယ် "
" ဟုတ်ပါပြီ ဒါဆိုလည်းအိပ်တော့နော် ကိုယ်ရေချိုးလိုက်ဦးမယ် "
အဝတ်လစ်စဖြင့်အိပ်နေသူရဲ့ပါးမို့မို့လေးကိုငုံ့နမ်းပြီးစောင်သေချာခြုံပေးခဲ့ကာ ရေချိုးဖို့အတွက်ရေချိုးခန်ထဲဝင်သွားသည်။
ရေချိုးပြီးနောက် ညအိပ်ဝတ်စုံကိုလဲဝတ်ကာ ကုတင်ပေါ်တက်လာပြီးအိမ်နေသူကိုသိမ်းကျုံးဖက်လိုက်ပြီနှုတ်ခမ်းလေးကိုနမ်းကာ ချစ်စကားဆိုသည်။