☁️☁️☁️

11.5K 419 13
                                    

☁️☁️☁️☁️☁️☁️☁️☁️☁️☁️☁️☁️☁️☁️

မင်္ဂလာပါစာဖတ်သူလေးရေ။စာဖတ်သူ‌လေးနှစ်ယောက်ကRING-Sကိုမေတ္တာနဲ့ရေးပေးထားတဲ့ Review လေးတွေ့လို့တကူးတကဝင်ဖတ်ပေးဖို့စဉ်းစားရင်းဒီနေရာလေးကိုအရောက်လာပေးခဲ့လို့ကြိုဆိုပါတယ်နော်။

အဲ့ဒါကြောင့်ပထမဦးဆုံးအနေနဲ့ကျေးဇူးတင်ပါတယ်လို့ကိုယ့်ကိုပြောခွင့်ပေးပါ။

ဒီစာလေးကိုဘာလို့ရေးထားလဲဆိုတော့လေ

(၁) ဒီStory လေးကလေ RING-Sရဲ့ပထမဦးဆုံးရေးထားတဲ့Storyဖြစ်လို့လိုအပ်ချက်တွေအများကြီးရှိနေပါတယ်လို့ကြိုတင်မေတ္တာရပ်ခံပီးဝန်ခံထားပါရစေကွယ်။

(၂)အဲ့ဒီလိုကိုယ့်ရဲ့အပ်ချက်တွေကြောင့်ပဲ စာဖတ်သူလေးအများစုဟာအပိုင်း၁ကနေ စဖတ်လိုက်ကတည်းက အပိုင်း၁၁ထိတောင်ဇာတ်ရည်လည်ဖို့နေနေသာသာဘာမှကိုနားမလည်သွားကြပါဘူး။

(၃)အဲ့ဒီအတွက်တန်ဖိုးရှိတဲ့အချိန်တွေကိုဖြုန်းခိုင်းစေသလိုဖြစ်သွားရရင် So sorry ပါလို့ပြောချင်မိပါတယ်။

ထို့ကြောင့်မို့ RING-Sအနေနဲ့ ကြိုတင်မေတ္တာရပ်ခံချင်တာကလေဇာတ်ကောင်၂ဦးရဲ့အကြောင်းကိုပဲရေးထားတာတောင်မှစစခြင်းအပိုင်းမှာ(ကိုယ့်ရဲ့လိုအပ်ချက်ကြောင့်)အစပျောက်နေသလိုဖြစ်နေမှာပါ။

နာမည်တွေများပီးNickname ကိုပဲသုံးထားပြန်လို့ရှုပ်နေပါ့မယ်။

ဇာတ်ကောင်နှစ်ဦးရဲ့ အတိတ်အကြောင်းကိုတလှည့်စီစရေးပြထားတဲ့ဇာတ်အိမ်ဖြစ်နေလို့ရောထွေးနေပါ့မယ်။

ဥပမာ အပိုင်း(၁)ဟာ ဇာတ်ကောင်၁အတွက် အတိတ်အကြောင်းဆိုရင် အပိုင်း(၂)သည် ဇာတ်ကောင် ၂ရဲ့ငယ်ဘဝပါ။ဒီလိုဆိုလိုချင်တာပါ။နောက်ပီးအတိတ်ကိုပြထားတာဖြစ်လို့အကြောင်းအရာတိုင်းဟာ ပြီးပြည့်စုံနေအောင်မရှင်းထားပါဘူး။အတိတ်တစ်ခုစီရဲ့အကြောင်းတိုင်းကိုရှင်းပြတဲ့နေရာမှာလည်း တပိုင်းနဲ့တပိုင်းဟာချိတ်ဆက်ထားခြင်းမရှိပါဘူး။သို့သော်မတူညီနေတဲ့အကြောင်းအရာတွေဟာအချိန်တချိန်တည်းမှာဖြစ်နေတယ်လို့သတ်မှတ်ထားလို့ရပါတယ်။အဲ့ဒီလိုဖြစ်နေတဲ့ဇာတ်အိမ်သည်ကိုယ့်ရဲ့အားနည်းချက်ကြောင့်ပိုပီးနားလည်ရခက်သွားတာမျိုးပါ။ဒအဓိကကတော့ RING-Sရဲ့အားနည်းချက်ပါပဲ။

("လင်းပိုင်လေး"ရဲ့ကောင်းကင်ပြာ) "Completed" U&ZWhere stories live. Discover now